close

းသမားရိုမဲရိုး

close

July 1, 2022

မန်ယူအသင်းဆီပြန်လာရန် ဂိုးသမားရိုမဲရိုး လမ်းဖွင့်ထား

အာဂျင်တီးနား ဂိုးသမားရိုမဲရိုးဟာ အသင်းဟောင်းမန်ယူအသင်းဆီကို အရန်ဂိုးသမားတစ်ဦး အနေဖြင့် ပြန်လာချင်ကြောင်း လမ်းဖွင့်ပေးထားပါတယ်။ 

အသက် ၃၅နှစ်ရှိ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ရာသီက အီတလီစီးရီး အေကလပ် ဗင်နီဇီယာအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပြီး တစ်နှစ်အကြာမှာပဲ အသင်းဟောင်းဆီပြန်လာဖို့ စိတ်ဝင်စားနေတာပါ။

မန်ယူအသင်းကလည်း ဂိုးသမား ဒီးဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက် အသင်းကိုအငှားချထားမှာဖြစ်လို့ ဂိုးသမားဒီဂီယာရဲ့နောက်မှာ အရန်ဂိုးသမားတစ်ဦးခေါ်ယူဖို့လို အပ်နေတာပါ။ 

ဂိုးသမားရိုမဲရိုးဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး အသင်းဟောင်းကို ပြန်ကစားဖို့ အမြဲတမ်းဆန္ဒရှိတယ်လို့ ပြောခဲ့ကြောင်း မန်ချက်စတာအီးဗနင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ရိုမဲရိုးဟာ  ၂၀၁၅ ခုနှစ်က ဆမ်ဒိုးရီးယားကနေ မန်ယူအသင်းဆီကိုပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့ အတူ ၆ နှစ်ကြာကာလအတွင်း ၆၁ပွဲသာကစားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ကစားခွင့်ရတဲ့ပွဲတိုင်းမှာ လက်စွမ်း ကောင်းတွေပြသနိုင်ခဲ့ပြီး အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။ 

3 mins Ago
Up