close

၀က်စ်ဟမ်း

close

April 17, 2023

၀က်စ်ဟမ်းနှင့်ပွဲ သရေကျခဲ့သည့်အပေါ် ကစားသမားများကို အာဆင်နယ်နည်းပြ အပြစ်တင်

ဝက်စ်ဟမ်းနဲ့ပွဲမှာ နှစ်ဂိုးစီသရေကျခဲ့တဲ့အပေါ် ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို အာဆင်နယ်နည်းပြ အာတေတာကအပြစ်တင်သွားပါတယ်။

အာဆင်နယ်ဟာ အရင်တစ်ပတ်က ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်အတိုင်းပဲ နှစ်ဂိုးအရင်သွင်းပြီးမှ ချေပဂိုးနှစ်ဂိုးပေးရပြီး သရေကျခဲ့ရတာပါ။

၂ ဂိုးပြတ်ဦးဆောင်နေချိန်မှာပွဲကို အဆုံးသတ်ရမယ်ဆိုတဲ့ စရိုက်လက္ခဏာ ပျောက်ဆုံးနေခဲ့ပြီး  ၃ ဂိုး ၄ ဂိုးရဖို့ မကြိုးစားတော့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

ပေးလိုက်ရတဲ့ ချေပဂိုး နှစ်ဂိုး အပေါ်မှာလည်း စိတ်ပျက်စရာဖြစ်ပြီး ပွဲအစမှာ ထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရည်မှန်းချက်ပျောက်ဆုံးနေခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

ပင်နယ်တီမဝင်ခဲ့တဲ့ ဆာကာနဲ့ ပတ်သက်ပြီး အသင်းရှိကစားသမားတွေထဲ ပင်နယ်တီကန်သွင်းမယ့်သူကို ရွေးချယ်မယ်ဆိုရင် ဆာကာကိုပဲ ထပ်မံရွေးချယ်မှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ ဒီပွဲသရေရလဒ်ကြောင့် ဒုတိယနေရာက မန်စီးတီးထက်တစ်ပွဲပိုအခြေအနေမှာ ၄ မှတ်သာ ကွာဟာ တော့တာဖြစ်ပါတယ်။

10 mins Ago

November 27, 2020

၀က်စ်ဟမ်း-မန်ယူပွဲစဉ် ပရိသတ်များ ဝင်ခွင့်ရမည်

ဝက်စ်ဟမ်းနဲ့ မန်ယူပွဲစဉ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ပိုင်း ပရိသတ်တွေ ပထမဆုံးအကြိမ်ဝင် ရောက်ကြည့်ရူခွင့်ရတဲ့ ပွဲစဉ်ဖြစ်လာတော့မှာပါ။  ဗြိတိန်အစိုးရရဲ့ ဒုတိယအကြိမ် လော့ဒေါင်းကာလ ပြီးဆုံးသွားပြီဖြစ်လို့ သတ်မှတ်ထားတဲ့ မြို့တွေမှာ အကန့်အသတ်နဲ့ ဘောလုံးကွင်းတွေထဲမှာ ဝင် ရောက်ကြည့်ရူခွင့်ရတော့မှာပါ။  ဗြိတိန်အစိုးရရဲ့ သတ်မှတ်ချက်အရ လန်ဒန်၊ လီဗာပူးနဲ့ တခြားနေရာ တချို့အတွက် အဆင့် ၂ သတ်မှတ်ထားပြီး ဘောလုံးပွဲတွေမှာ ပရိသတ် ၂ ထောင်အထိဝင် ရောက်ကြည့်ရူခွင့်ပေးထားတာပါ။  မန်ယူနဲ့ မန်စီးတီးအသင်း တို့အခြေစိုက်ရာ မန်ချက်စတာမြို့ အပါအဝင် တခြားနေရာတချို့ကိုတော့ အလွန်မြင့်မားတဲ့ အဆင့် ၃ အဖြစ် သတ်မှတ်ထားပြီး ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့် မပေးသေးတာဖြစ်ပါတယ်။  ဒါကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်း လန်ဒန်ကွင်းမှာ ကျင်းပမယ့် မန်ယူနဲ့ပွဲစဉ်က ပရိသတ်တွေ ပထမဆုံးအကြိမ်ဝင် ကြည့်ခွင့်ရမယ့်ပွဲဖြစ်လာမယ်လို့ သိရပါတယ်။  အဲဒီနောက် ချဲလ်ဆီးနဲ့ လိဒ်ယူနိုက်တက်ပွဲစဉ်၊ စပါးနဲ့ အာဆင်နယ်ပွဲစဉ်တွေမှာလည်း ပရိသတ်  ၂ ထောင်လောက် ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ 
2 years Ago
Up