close

၀က်လက်မြို့နယ်စစ်ကောင်စီဥက္ကဋ္ဌ

close

December 30, 2021

၀က်လက်မြို့နယ်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ကြီး မိုးဇော်လတ် မိုင်းထိမှန်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ကြီး မိုးဇော်လက်ဟာ  မိုင်းထိပြီး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့၊  ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မနက်က ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာနဲ့ စိုင်နိုင်လေးကျေးရွာကြား စစ်ကောင်စီ ထောက်ပို့ ၁၂ ဘီးကား ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက  မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားထိုးရပ်သွားခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် နေ့လယ်မှာ  မိုင်းဆွဲခံထားရတဲ့ နေရာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ လောက်ရောက်ရှိလာချိန်မှာ လက်ကျန်မိုင်းပေါက်ကွဲပြီး ဝက်လက်မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကြီး မိုးဇော်လတ်ဟာ မိုင်းထိမှန်သေဆုံးခဲ့တာလို့  NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်သတင်းမှာလည်း ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မွန်းတည့် ၁၂နာရီအချိန်မှာ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာ မန္တလေး- ရွှေဘို ကားလမ်းပေါ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ကြီး မိုးဇော်လတ် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တာလို့ ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

အဆိုပါဖောက်ခွဲမှုကို MPDF ဗိုလ်သံမဏိတပ်ဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး  မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဝက်လက်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့က ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ  သစ်ဆိမ့်စခန်းမှူး ဗိုလ်ကြီးတယောက်လည်း သေဆုံးခဲ့ပါသေးတယ်။

နိုဝင်ဘာ ၂၉ ရက်ကလည်း စစ်ကား ၁၁ စီး ယာဉ်တန်းကို မိုင်း ၈ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေအများအပြားသေဆုံးခဲ့တယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

1 min Ago
Up