close

၀၀၀ ကျော်

close

August 9, 2021

မြန်မာတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၂,၀၀၀ ကျော်၊ အာဆီယံတွင် တတိယ အမြင့်ဆုံး ဖြစ်လာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁၂,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၁၉၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၆၁၁ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၉ ဒသမ ၆၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၅,၉၀၂ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၂၃၈ ယောက် ရှိခဲ့ပြီး စုစု ပေါင်း သေဆုံးသူ ၁၂,၀၁၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၃,၁၂၇ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

6 hours Ago

January 21, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၃,၀၀၀ ကျော်အထိရှိလာ  

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၄၅ ယောက်၊ သေဆုံးသူ ၁၆ ယောက် ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၃၀၁၃ ယောက်အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။  ဇန်နဝါရီ ၂၀ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၁၄၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၄၅ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ သေဆုံးသူ ၁၆ ယောက်အနက် ၉ ယောက်ကတော့ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၅၉ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၂၈ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၃၁ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၆၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၆,၁၆၆  ယောက်၊ သေဆုံးသူ ၃,၀၁၃ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၉,၉၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- MOHS
7 months Ago
Up