close

၁၀၁ တပ်ခွဲ

close

November 17, 2021

စစ်အာဏာရှင်အား လက်နက်စွဲကိုင်တော်လှန်နေသည့် ၁၀၁ တပ်ခွဲ (ဓာတ်ပုံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းနဲ့ တော်လှန်လို့ မရတာကြောင့် လူငယ်အများစုဟာ လက်နက်ကိုင် ဒေသတွေကို သွားရောက်ကာ စစ်ပညာသင်ကြားပြီး အကြမ်းဖက်လူသတ် စစ်ကောင်စီအား လက်နက်ကိုင်တဲ့နည်းနဲ့ ဆန့်ကျင် တော်လှန်ခဲ့နေကြပါတယ်။

အဲဒီအထဲမှာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ၁၀၁ တပ်ခွဲလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

တပ်ခွဲက လူငယ်တွေဟာ တစ်နေ့တာကို ကိုယ်ခန္ဓာလေ့ကျင့်ခန်း ပြုလုပ်တာ၊ တနေ့တာ စားသောက်ဖို့အတွက် ငါးဖမ်းတာနဲ့ နေထိုင်ရာတဲတွေကို ကိုယ်တိုင် ဆောက်လုပ် နေထိုင်ကြပါတယ်။

၁၀၁ တပ်ခွဲမှာ လေ့ကျင့်နေတဲ့ PDF လူငယ်တွေရဲ့ နေ့ထိုင်မှုဘ၀တွေကို ရိုက်ကူးတင်ပြထားပါတယ်။

Photo - Kaung Zaw Hein / MPA

10 hours Ago
Up