မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့တဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ် ဟာ ၁၀ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့သိရပါတယ်။
ဒိုင်လူကြီး ခရစ္စကာဗန်နော့ဗ်ဟာ နည်းပြမာကိုဆေးလ်ဗားနဲ့ ဝီလီယံတို့ကို အနီကတ်ပြသပြီး ပင်နယ်တီပေးလိုက်ချိန်မှာ မီထရိုဗစ်က မကျေမနပ်ဖြစ်ပြီး ဒိုင်လူကြီးကို တွန်းထိုးခဲ့တာပါ။
အနီကတ်ပြသခံရပြီးနောက်မှာလည်း ဆက်လက်ဖိအားပေးပြောဆိုခဲ့ပြီး အဲဒီလိုအပြုအမှုဟာ ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ဒိုင်လူကြီးဟောင်း မာခ့်ဟယ်ဆေးက ပြောပါတယ်။
မီထရိုဗစ်ဟာ သူ့ရဲ့တံတောင်နဲ့ ဒိုင်ကိုတွန်းထိုးခဲ့တာဖြစ်ပြီး ဒီလို အပြုအမူမျိုးကို ဘယ်လို ဘောလုံးပြိုင်ပွဲအဆင့်မှာမဆို မဖြစ်သင့်ကြောင်း၊ အင်္ဂလန်အက်ဖ်အေအနေနဲ့ ဒိုင်လူကြီးတွေဘက်ကနေ ကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း ဒိုင်လူကြီးဟောင်း ဟယ်ဆေးကပြော ပါတယ်။
အရင်ကတည်း အလားတူတွန်းထိုးခဲ့တဲ့ ဒီကာနီယိုကို ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပြီး ကစားသမားတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ နှစ်သင်းစလုံးကိုလည်း အရေးယူသင့်ကြောင်း ဒိုင်လူကြီးဟောင်း ဟယ်ဆေးက တိုက်တွန်းသွားခဲ့ပါတယ်။