close

၁၂ ဘီးယာဉ်

close

December 12, 2021

စစ်တပ်ရိက္ခာနှင့် စစ်သားများ တင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး မုံရွာမြို့အနီးမိုင်းဆွဲခံရ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အရာတော်-မုံရွာသွားလမ်း ထနောင်းဝင်းကျေးရွာအနီး မှာ ဒီနေ့မနက် ၅ နာရီကျော်အချိန်က ၁၂ ဘီးကားတစ်စီးကို Monywa Ranger Group/Truth Army အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဒီဖောက်ခွဲခံရတဲ့ကားဟာ စစ်ကောင်စီ ရိက္ခာနဲ့ စစ်သားတွေတင်ဆောင်လာပြီး မိုးကာ အုပ်ထားတာကြောင့် ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘီးတွေ ကျွတ်ထွက်သွားပြီး စစ်ကောင်စီတပ်ရဲ့ စစ်သား ၂ ဦးနေရာတင် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

မိုင်ဆွဲခံရတာကြောင့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် Monywa Ranger Group/Truth Armyအဖွဲ့ဘက်က အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

13 mins Ago

April 3, 2020

ရပ်ထားသည့်ယာဉ်ကို ၁၂ ဘီးယာဉ်ဝင်တိုက်၊ ကားခေါင်းအတွင်းက ယာဉ်မောင်းကို ကယ်ဆယ်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဆရာတော်ကြီးမှတ်တိုင်အနီးမှာ ဒီနေ့မနက် အစောပိုင်းက ညအိပ်ရပ်ထားတဲ့ ၁၈ ဘီးတွဲကား FUSO အား ၁၂ ဘီး ကုန်တင်ကား (အဖြူရောင်) ယာဉ်မှ နောက်က ဝင်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းတွင်း ညှပ်နေတဲ့ ယာဉ်မောင်းကို ကူညီကယ်ဆယ်ပြီး ဆေးရုံ ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယာဉ်နောက်လိုက် ကားခေါင်းအတွင်းညပ်နေတောကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်နဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ခဲ့ပြီး မြတ်ကုသိုလ်လူမူကယ်ဆယ်ရေးအသင်းက သူနာတင်ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
2 years Ago
Up