close

၁၃ ဦး ထပ်မံ သေဆုံး

close

September 2, 2021

ချမ်းမြသာစည်တွင် Swab ယူနေစဉ် သေဆုံးသူ ၁ ဦးအပါအဝင် ကိုဗစ်ရောဂါဖြင့် ၁၃ ဦး ထပ်မံ သေဆုံး

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်က Swab ယူစစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့ ကိုဗစ်သံသယလူနာ တစ်ဦး အပါအဝင် ကိုဗစ်ရောဂါကြောင့် ၁၃ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။

မန်းတောင်ရိပ်ခို ကိုဗစ်ကုသရေးစင်တာက ကိုဗစ်လူနာ ၁ ဦး၊ မန္တလေးဆေးရုံကြီးရင်ခွဲရုံက ၇ ဦး၊ မြို့တော်ဆေးရုံက ၁ ဦး၊ ကံ့ကော်ဆေးရုံက ၁ ဦး၊ အရပ်ထဲက ကိုဗစ်လူနာ ၁ ဦးနဲ့ သံသယလူနာ ၂ ဦး သေဆုံးခဲ့တာပါ။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ 

မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လက သေဆုံးသူ  ၂၀၀၀ ကျော်နဲ့ သြဂုတ်လမှာ ၇၀၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ မန္တလေးခရိုင်မှာ ကိုဗစ်ကူးစက်ခံရသူ ၁၆ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ မြို့နယ်ကို Stay At Home သတ်မှတ်ထားပါတယ်။

3 mins Ago
Up