close

၁၆၀ ခန့် သေဆုံး

close

January 19, 2022

ကေအန်ယူနယ်မြေတိုက်ပွဲများတွင် သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ခန့် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း  စစ်ကောင်စီတပ်နဲ့ KNLA ၊ KNDO တို့ ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၉ ယောက်သေဆုံး၊   ၁၀၂ ယောက် ဒဏ်ရာရတယ်လို့ ကေအန်ယူက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း  KNLA နဲ့ KNDO ဘက်က ၁၃  ယောက်ကျဆုံး၊ ၁၈ ယောက် ဒဏ်ရာရရှိခဲ့သလို ဒေသခံပြည်သူ  ၇ ယောက်သေဆုံးခဲ့ကာ ၁၉ ယောက်ဒဏ်ရာရခဲ့တယ်လို့လည်း  ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ကော်သူးလေနယ်မြေအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါင်းအကြိမ်း ၂၀၀ ကျော်နဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု  ၇ ကြိမ်ပြုလုပ်ခဲ့တယ်လိုလည်း  အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ကော်သူးလေနယ်မြေမှာ နေထိုင်တဲ့ ပြည်သူပေါင်း ၁ သိန်းကျော် စစ်ဘေးဒုက္ခခံစားနေရပြီး ၅ သောင်းကျော်က စစ်ဘေးရှောင်နေကြရပါတယ်။

10 mins Ago
Up