close

၁၆ သင်းအဆင့်

close

November 27, 2022

ပြင်သစ်အသင်း ဒိန်းမတ်ကိုနိုင်ပြီး ၁၆ သင်းအဆင့်ကို အစောဆုံးတက်ရောက်

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ နိုဝင်ဘာ ၂၆ ရက်ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ဒိန်းမတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဟာ ၁၆ သင်း အဆင့်ကို အစောဆုံး တက်ရောက်နိုင်ခဲ့ပါတယ်။ 

ပြင်သစ်အသင်းဟာ အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လက်ကျန် တစ်ပွဲကျန်နေသေးပေမယ့် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ သေချာခဲ့တာပါ။

၂ ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေဟာ ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်း ၇ ဂိုးအထိရှိလာပြီး ပြင်သစ် တိုက်စစ်မှူးဟောင်း အွန်နရီထက် တစ်ဂိုး ပိုများလာခဲ့ပါတယ်။

၂၀၁၀ ပြည်နှစ်ပြိုင်ပွဲ နောက်ပိုင်းမှာ လက်ရှိချန်ပီယံအသင်းတွေ အားလုံး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပေမယ့် အခုနှစ်ပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံပြင်သစ်တို့ နောက်တဆင့်တက်ခဲ့တာပါ။

ပြင်သစ်ဟာ အုပ်စု နောက်ဆုံးပွဲစဉ် အနေနဲ့  နိုဝင်ဘာ ၃၀ ရက်မှာ တူနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ 

3 mins Ago

March 13, 2020

မန်ယူနိုက်တက်က LASK အသင်းကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ မန်ယူနိုက်တက်က LASK အသင်းကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဩစတြီးယားကလပ် LASK အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကို ကာကွယ်တဲ့အနေနဲ့ အဆိုပါပွဲကို ပရိသတ်မပါဘဲ ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ ဧည့်သည်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုမို ရရှိခဲ့ပါတယ်။ မန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၈ မိနစ်မှာ ဖာနန်ဒက်စ်ပေးပို့မှုကနေ တိုက်စစ်မှူး အီဂါလိုက လှလှပပသွင်းယူခဲ့ပါတယ်။  ဒီနောက် ပထမပိုင်းမှာ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဒုတိယပိုင်း ပွဲချိန် ၅၈၊ ၈၂၊ ၉၀ နဲ့ နာကျင်အချိန်ပို ၉၁ မိနစ်တွေမှာ ဂျိမ်း၊ မာတာ၊ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က ၁ ဂိုးစီ သွင်းယူခဲ့ပြီး မန်ယူနိုက်တက်က ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ယူရိုပါလိဂ် အခြားပွဲစဉ်တွေမှာတော့ ဖရန့်ဖတ် ၀-၃ ဘေဆဲ၊ အင်စတန်ဘူ ၁-၀ ကိုပင်ဟေဂင်၊ အိုလံပီယာကော့ ၁-၁ ဝုလ်ဗာဟမ်သန်၊  ရိန်းဂျား ၁-၃ လေဗာကူဆင်၊ ဝုဖ်ဘတ် ၁-၂ ရှက်တာဒိုးနက်စ် အသီးသီး ရပ်လဒ်ထွက်ပေါ်ခဲ့ပါတယ်။ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို မတ် ၁၉ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ကွင်းပိတ်ကျင်းပမလား ပွဲစဉ်တွေ ရွှေ့ဆိုင်းမလား ဆိုတာတော့ မသိရသေးပါဘူး။
3 years Ago
Up