close

၁၇ဦးလွတ်မြောက်

close

July 1, 2021

လားရှိုးအကျဉ်းထောင်မှ ၁၇ ဦး လွတ်မြောက်

အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေထဲက အမျိုးသား  ၁၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဇွန် ၃၀ ရက်နေ့ညနေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။

လွတ်မြောက်လာသူတွေဟာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေပါ၀င်သလို စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်ကူညီလို့ အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီးပြီး  ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားသူ‌တွေဖြစ်ပါတယ်။

ရှမ်းပြည်နယ်‌မြောက်ပိုင်းအတွင်းက မြို့နယ်အသီသီးမှာ အကြမ်းဖက်စစ်‌ကောင်စီက အဓမ္မဖမ်းဆီးထားသူ ၅၀ ကျော်ရှိနေပြီး အဲ့ဒီအထဲက အမှုစွဲတင်မရတဲ့ ၁၇ ဦးကို လွှတ်ပေးလိုက်တာပါ။

10 mins Ago
Up