close

၁၇ ဦးထွက်ပြေး

close

April 23, 2022

ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေ၊ ၁၇ ဦးထွက်ပြေး

ကရင်နီ(ကယား)ပြည်နယ်အတွင်း  ဧပြီ တတိယအပတ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့  ပြောက်ကျား တိုက်ခိုက်မှုတွေအတွင်း  စစ်ကောင်စီဘက်က  ၁၆ ဦးသေဆုံးက အများအပြား ထိခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ် ထားလဲနဲ့ နန်းဖဲအကြားမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှ တပ်သားတွေဟာ  ဒေသခံပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရလို့   ဖရိုဖရဲဖြစ်ကာ တပ်သား ၁၇ ယောက်  စစ်ကြောင်းကို စွန့်ခွာထွက်ပြေးပြီး၊ တပ်သား တချို့က  ကရင်နီပူး‌ပေါင်းတပ်ထံ ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ရဲဘောက်  ၂ ယောက် ကျဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဧပြီလ တတိယအပတ်အတွင်း မိုးဗြဲ၊ ဝါရီဆူးပလိုင်နဲ့ ဝါရီကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါကမီးနဲ့ ဥခူရီကျေးရွာ၊ ဖရူဆိုနှင့်ဘောလခဲနယ်စပ်ရှိ ထားလဲနဲ့  နန်းဖဲကျေးရွာစတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် ‌ဒေါကမီးကျေးရွာအနီးတဝိုက်မှာ ဧပြီ ၁၄ ရက်ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို  မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာအနီးမှာလည်း ဧပြီ ၁၅ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၁၅ ရက် လွိုင်ကော်မြို့ ထေးတမရပ်ကွက်အတွင်း စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လူနေရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်တ်ခဲ့သလို ဧပြီ ၁၆ ရက်မှာ လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်အတွင်းက အသက် ၈ နှစ်အရွယ် ကလေးငယ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း KNDF က  ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက တပတ်အတွင်း  လွိုင်ကော်နဲ့ ဒီးမာ့ဆိုမြို့နယ်အတွင်းက နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးကြောင့်လည်း ဒီးမော့ဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်က နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

36 seconds Ago
Up