close

၁ သောင်းတန် ငွေစက္ကူအတု

close

September 5, 2021

ရေးမြို့နယ်တွင် ငွေစက္ကူအတုများ ပျံ့နှံ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာမှာ   အခုရက်ပိုင်းမှာ မြန်မာကျပ်ငွေစက္ကူအတု ကျပ် တစ်သောင်းတန်တွေ ပျံ့နှံ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတစ်ဦးက  “အခုပျံ့နှံ့နေတဲ့ ငွေစက္ကူအတုမှာ ကျပ်တစ်သောင်းတန်တွေ ဖြစ်တယ်။ အခုရွာကလူတွေ လက်ဝယ်မှာ ပျံ့နှံ့သလောက်ပြန့်နေပြီး လူတွေက အများအားဖြင့် သာမန်ငွေစက္ကူလိုပဲ ထင်ကြတယ်။ အတုအစစ် ခွဲခြားဖို့ဆိုတာက ငွေကြေးကျွမ်းကျင်သူတွေက အသိပညာပေးတွေလည်း လုပ်ပေးဖို့ လိုပါတယ်။ ဒီလို အကျပ်အတည်းကာလမှာ ငွေကြေးအတု ရရှိသူမှာ ထိခိုက်နစ်နာမှုရှိတယ်”လို့ ပြောပါတယ်။ 

ငွေစက္ကူအတုတွေ ဆက်ဖြန့်ပြီးသုံးစွဲနေရင် ဥပဒေအရအရေးယူဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိုနိုင်း ဆောင်ရွက်သွားမယ်လို့လည်း  အမည်မဖော်လိုသူ ဒေသခံတဦးက ဆိုပါတယ်။

လတ်တလော ငွေစက္ကူအတုတွေကို အာယုတောင်ကျေးရွာမှာပဲ စတင်တွေ့ရှိပြီး ကျန်တဲ့ ပတ်ဝန်းကျင်ရွာတွေမှာတော့ အခုချိန်အထိ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။ 

ငွေစက္ကူအတုတွေကို မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လေ့ရှိပြီး တရားမဝင်အလုပ်နဲ့ ငွေကြေးလုပ်ကိုင်သူတွေကြားမှာ ပိုမို ပျံ့နှံ့နေကြတယ်လို့ ဆိုပါတယ်။

2 mins Ago
Up