close

၁ ဦး သေဆုံး

close

December 17, 2022

ပီးရူးလေဆိပ်စီးနင်းရန် ကြိုးစားမှု ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ပီရူးလေဆိပ်ကို စီးနင်းဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့နဲ့စစ်တပ်တွေနဲ့ ထိပ်တိုက် တွေ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်မှာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ပီရူးတောင်ပိုင်းဗဟိုက အယာကွတ်ချိုမြို့ရှိ အလ်ဖှရက်ဒို မန်ဒီဗေးလ် ဒွာတဲ လေဆိပ်ရဲ့ ပြေးလမ်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ သမ္မတဟောင်း ပေဒရို ကက်စ်တီလို ကို လိုလားတဲ့ ဆန္ဒပြသူတွေအား လူစုခွဲဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လေထဲကို သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးနောက်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အယာကွတ်ချိုရဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသခံ မီဒီယာ တွေက ဖော်ပြပါတယ်။ 

သေဆုံးသူ ၁၆ ဦး ထက် မနည်းရှိခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ဒီဇင်ဘာ ၁၆ မှာ ဝန်ကြီး ၂ ဦး ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

အယာကွတ်ချိုမှာ ဆန္ဒပြသူတွေဟာ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးကို မီးရှို့ပြီး အဆောက်အအုံကို လုယက်ခဲ့ကြပါတယ်။ 

ပီရူးသမ္မတသစ် ဒီနာ ဘိုလွာတဲက ဖျက်ဆီးမှုတွေကို ရှုတ်ချခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ ညွှန်ကြားချက်တွေကို လက်ခံ ရရှိထားတယ်လို့ ပြောပါတယ်။ 

ဘိုလွာတဲရဲ့ အစိုးရဟာ ဒီဇင်ဘာ ၁၄ ရက်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ရဲတပ်ဖွဲ့ကို အထူးလုပ်ပိုင်ခွင့်တွေ ပေးအပ်ပြီးတော့ စုဝေးခွင့်အပါအဝင် လွတ်လပ်မှုကို ကန့်သတ်ခြင်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆန္ဒပြပွဲတွေကို နှိမ်နှင်းရာမှာ သက်ရောက်မှု အနည်းငယ်သာ ရှိပုံရပါတယ်။

မြို့တော်လီမာမှာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ ပီရူးလူမျိုးတွေဟာ လမ်းမတွေပေါ် ထွက်လာပြီး နိုင်ငံရေးမငြိမ်သက်မှုတွေ ဖြစ်ပွားနေတဲ့ လတ်တလောရက်တွေအတွင်း အကြမ်းဖက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပါတယ်။ 

13 hours Ago

December 31, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး ထပ်တိုး ၊  ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျန်းမာရေးဝန်ထမ်း  တစ်ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ယောက်တွေ့ရှိခဲ့ပြီးတော့ တစ်ယောက်ထပ်မံ သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးကျန်မာရေးဦးစီးဌာနကနေ သိရပါတယ်။ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက "ကျန်းမာရေးဝန်ထမ်း သူနာပြု တစ်ယောက် အနံပျောက်တာကြောင့် ဓာတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်"လို့ ပြောပါတယ်။ ဒါ့ပြင် သင်ကြားရေးဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး တက်ရောက်ကုသနေတဲ့ ချောက်မြို့နယ် ကုန်းကြီးကျေးရွာက အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာလည်း အဆုတ်ထိခိုက်အားနည်းပြီး သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ပိုးတွေ့အတည်ပြုလူနာတွေကတော့ အောင်လံမြို့နယ်က ကိုး ယောက်၊ ငဖဲမြို့နယ်က တစ်ယောက်၊ ရေစကြိုမြို့နယ်က တစ်ယောက်နဲ့ ပခုက္ကူမြို့နယ်က တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာ” လို့  ပြောပါတယ်။ အောင်လံမြို့နယ်က ပိုးတွေ့လူနာ ကိုးယောက်အနက် အနံ့ ပျောက်လူနာ လေးယောက်၊ ပိုးတွေ့လူနာနဲ့ထိစပ်သူ ငါးယောက်ဖြစ်ပြီးတော့ ငဖဲ၊ ရေစကြိုနဲ့ပခုက္ကူမြို့နယ်က ပိုးတွေ့လူနာ သုံးယောက်ကတော့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၁၇ ယောက်ထိ ရှိလာပြီး၊ သေဆုံးသူ ၇ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မင်းထီး
2 years Ago
Up