close

၁ ဦး သေ

close

August 8, 2021

ဒလမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်၍ ၁ ဦး သေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဥပဒေရုံးနဲ့ ခန်းမတွေတည်ရှိရာ မင်းရဲကျော်စွာလမ်းပေါ်မှာ ဒီနေ့ သြဂုတ် ၈ ရက်နေ့လည် ၂ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်လို့  ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခင်းဖြစ်ပြီးပြီးချင်း ပစ်ခတ်ခဲ့တဲ့စစ်သားကို ဒလမြို့ရဲစခန်းမှာထိန်းသိမ်းထားကာ စစ်ဆေးနေတယ်လို့ သိရပြပီး  ပစ်ခတ်ခံရပြီး သေဆုံးသူဟာ  ဗိုလ်အဆင့်ရှိသူ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှု ဘာကြောင့် ဖြစ်ပွားရတာလဲဆိုတာနဲ့ ဘယ်လို ဖြစ်ပွားခဲ့တယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။ 

8 mins Ago

January 10, 2021

ဟားခါးတွင် နေအိမ် ၃ လုံး မီးလောင်၊ ၁ ဦး သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့နယ် မြို့သစ်ရပ်ကွက်မှာ မနေ့ည ၁၁ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်‌ ၃ လုံး ပျက်စီးဆုံးရှုံးကာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အပူပေးတဲ့ ဟီတာစက်က တစ်ဆင့် မီးလောင်ကျွမ်းခဲ့တာပါ။ လက်တလောတော့ သေဆုံးသူကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားတယ်။ သူက အိမ်ငှားနေသူပါ။”

ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်   ၅၀ နီးပါးက အုပ်ချုပ်မှုယာဥ်၊ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ် သူနာတင်ယာဥ် စုစုပေါင်း ၈ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကာ အခင်းဖြစ်ပြီး တစ်နာရီနီးပါးအကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးသွားသူကတော့ အိမ်ငှားနေထိုင်တဲ့ ဦးသန်းဝင်း (၃၆ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ သေဆုံးသူကို ဟာခါးမြို့မရဲစခန်းမှာ မီးပေါ့ဆမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄-က တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အဆိုပါရဲစခန်းက သိရပါတယ်။

ရဲထွဋ်

7 months Ago
Up