close

၂နှစ်စာချုပ်

close

January 20, 2022

လီဝန်ဒေါစကီးကို လုပ်ခလျှော့ချပြီး ၂ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းရန် ဘိုင်ယန်အသင်းကြိုးပမ်း

ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းကုန်တော့မယ့် တိုက်စစ်မှူး လီဝန်ဒေါစကီးကို လုပ်ခလျှော့ချပြီး ၂ နှစ် သက်တမ်းတိုးစာချုပ်နဲ့ ကမ်းလှမ်းဖို့ ကြိုးပမ်းနေပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂ ကြိမ်ဆက်တိုက်ရရှိထားတဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မှာ တစ်နှစ်ပဲ စာချုပ်သက်တမ်းကျန်ရှိတော့တာပါ။ 

ကလပ်ရဲ့ ပေါ်လစီအရ အသက် ၃ဝ ကျော်ကစားသမားတွေကို တစ်နှစ်စီပဲ သက်တမ်းတိုးလေ့ရှိပေမယ့် ပိုလန်တိုက်စစ်မှူးကိုတော့ ၂ နှစ်အထိ သက်တမ်းတိုးဖို့ ဘိုင်ယန်ကဆန္ဒရှိနေပါတယ်။ 

ဒါပေမယ့် တစ်ပတ်လုပ်ခပေါင် ၃ သိန်း ၆ သောင်း ၉ ထောင်ရရှိနေတဲ့ သူ့ကို လုပ်ခလျှော့ချဖို့တော့ ရှိတယ်လို့ ဂျာမန်သတင်းစာ Bild ကိုကိုးကားပြီး စပိန်သတင်းစာမာကာက ဖော်ပြသွားပါတယ်။ 

အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူးအနေနဲ့ စာချုပ် ၂ နှစ်စာကမ်းလှမ်းချက်ကို သဘောတူမှာဖြစ်ပေမယ့် လုပ်ခလျော့ချမယ့်ကိစ္စကိုတော့ စဉ်းစားရဖို့ရှိနေပါတယ်။ 

ဘိုင်ယန်ဘက်ကတော့ စာချုပ်သက်တမ်း နဲ့ လုပ်ခလျှောချမယ့်ကိစ္စ အဆင်မပြေဘူးဆိုရင် အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးကို ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ 

9 mins Ago
Up