close

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ

close

June 11, 2022

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ အီကွေဒေါအသင်း ပါဝင်ခွင့်ရ

၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အီကွေဒေါအသင်းကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဆုံးဖြတ်လိုက်ပါတယ်။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အီကွေဒေါ အသင်းဘက်က စည်းကမ်းနဲ့ မညီတဲ့  ဘောလုံးသမား တယောက် ပါဝင်ခဲ့လို့ဆိုပြီး ချီလီဘက်က ဖီဖာကို တိုင်တန်းတဲ့အမှုကို ဖီဖာက ဇွန် ၁၀ ရက်မှာ ပယ်ချလိုက်တာပါ။

အီကွေဒါအသင်းရဲ့ နောက်ခံလူ ကတ်စတီလိုဟာ ကိုလံဘီယာမှာမွေးဖွားခဲ့သူဖြစ်တာကြောင့် အီကွေဒါအသင်းအတွက် ကစားပေးရာမှာ တရားဝင်မှုမရှိကြောင်း ဖီဖာအဖွဲ့ကို ချီလီအသင်းတာဝန်ရှိသူတွေက တိုင်ကြားခဲ့တာပါ။

ဖီဖာကစစ်ဆေးအပြီးမှာတော့  တရားဝင်မှုရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ချီလီအသင်းရဲ့တိုင် ကြားချက်ကအရာမထင်ဖြစ်ခဲ့ရတာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ဖက်စလုံးက တင်ပြတဲ့ အချက်တွေကို လေ့လာသုံးသပ်ပြီးနောက် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချီလီဘက်က တိုင်ကြားထားတဲ့အမှုကို ဆက်လက် စစ်ဆေးတော့မှာ မဟုတ်ဘဲ လုံး၀ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အီကွေဒေါအသင်းဟာ တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၄ နေရာရပ်တည်နိုင်ခဲ့လို့ ကမ္ဘာ့ဖလားဝင်ခွင့်ရရိခဲ့တာဖြစ်ပါတယ်။

တိုင်ကြားခဲ့တဲ့ ချီလီအသင်းက  တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့လို့ ကိုလံဘီယာအသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်နဲ့ ဆီနီဂေါအသင်းတွေနဲ့အတူ တွေ့ဆုံနေပါတယ်။ 

59 seconds Ago
Up