close

၂၀၂၂ ပထမဆုံး နေကြတ်ခြင်း

close

May 2, 2022

၂၀၂၂ ပထမဆုံး နေကြတ်ခြင်းကို ချီလီနိုင်ငံနှင့် တောင်ကမ္ဘာခြမ်းနေသူများ တွေ့မြင်ရ

ချီလီနိုင်ငံ မြို့တော် စန်တီယာဂိုနဲ့ တောင်ကမ္ဘာခြမ်းရဲ့ အစိတ်အပိုင်းမှာ နေထိုင်သူတွေဟာ ၂၀၂၂ ရဲ့ ပထမဆုံး တစိတ်တပိုင်း နေကြတ်တာကို ဧပြီ ၃၀ ရက်က ကောင်းကင်မှာ တွေ့လိုက်ကြရပါတယ်။

ဒါဟာ နေနဲ့ ကမ္ဘာကြား လက တိုက်ရိုက်နီးပါး ဖြတ်သွားလို့ တစိတ်တပိုင်း နေကြတ်တာလည်း ဖြစ်ပါတယ်။

နေမဝင်ခင် မိနစ်ပိုင်းလေးမှာ ချီလီနိုင်ငံရဲ့ မြို့တော်မှာစပြီး နေကြတ်ခဲ့လို့ နေကြည့်မျက်မှန် ဝတ်ဆင် စောင့်ကြည့်သူတွေ ဝမ်းသာခဲ့ကြပါတယ်။

နေကြတ်ချိန်မှာ မျက်စိကို ထိခိုက်မယ့်အဖြစ်ကနေ ရှောင်ဖို့ လုံလောက်အောင် နေရောင်ကို ကာနိုင်တဲ့ မျက်မှန်မပါဘဲ နေကို တိုက်ရိုက်မကြည့်ဖို့ တိုက်တွန်းထားပါတယ်။

ဒီနှစ် အောက်တိုဘာမှာ နောက်တကြိမ် တစိတ်တပိုင်း နေကြတ်ဦးမှာ ဖြစ်ပြီး ဥရောပ၊ အာဖရိကတိုက် အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ အနောက်အာရှဒေသတွေကနေ မြင်နိုင်လိမ့်မယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာက ပြောထားပါတယ်။

1 hour Ago
Up