close

၂၃ နှစ်

close

August 22, 2021

၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက်ဖြစ်ခဲ့သည့် ဘန်လေပွဲထွက် စာရင်း

လီဗာပူးကို ၂ ဂိုးဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘန်လေအသင်းက ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက် ပွဲထွက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ 

ဘန်လေနည်းပြ ဆမ်ဒိုက်ချ်ဟာ ရှေးရိုးအစဉ်အလာကစားကွက်လို့ဆိုကြတဲ့ ၄-၄-၂ ကစားကွက်မှာ နံပါတ် ၁ ကနေ ၁၁  အထိ အစဉ်အလိုက်ဝတ်ဆင်ကြတဲ့ ကစားသမား ၁၁ ဦးကို ပွဲထွက်ကစားစေခဲ့တာပါ။ 

ပရီးမီးယားလိဂ် အသင်းတွေအပါအဝင် ဘောလုံးအသင်းတိုင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက်ဝတ်ဆင်တဲ့ ကစားသမားတွေကိုအသုံးပြုလေ့မရှိကြပါဘူး။ 

လီဗာပူးနဲ့ပွဲမှာ ဘန်လေ အသင်းက ထူးထူးခြားခြား နံပါတ် ၁ ကနေ ၁၁ အစဉ်လိုက် အသုံးပြုသွားခဲ့ပြီး ၁၉၉၈ ခုနှစ်က ချာတန်အသင်းပြီးရင် ပရီးမီးယားလိဂ်မှာ ပထမဆုံးအသုံးပြုတဲ့ အသင်းဖြစ်လာခဲ့တာပါ။ 

ဘန်လေအသင်းရဲ့ ထူးခြားတဲ့ပွဲထွက်လူစာရင်းအပေါ် ပရိသတ်တွေကလည်း တွစ်တာကနေ ထုတ်ဖော်ရေးသားခဲ့ကြပြီး လှပတဲ့နေရာ ချထားမှုဖြစ်တယ်လို့ ချီးကျူးခဲ့ကြပါတယ်။ 

ဘန်လေအသင်းဟာ ဂိုးသမားနစ်ပုတ်ကို နံပါတ်တစ်၊ နောက်ခံအစွန်လူနှစ်ဦးက နံပါတ် ၂ နဲ့ ၃၊ ဗဟိုနောက်ခံလူနှစ်ဦးက နံပါတ် ၅ နဲ့ ၆၊ တောင်ပံကစားသမားနှစ်ဦးက နံပါတ် ၇ နဲ့ ၁၁၊ ကွင်းလယ်လူနှစ်ဦးက နံပါတ် ၄ နဲ့ ၈၊ တိုက်စစ်မှူးနှစ်ဦးက နံပါတ် ၉ နဲ့ ၁၀ ဝတ်ဆင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ 

8 mins Ago
Up