close

၂၇ လမ်း

close

August 24, 2021

မန္တလေးမြို့ ၂၇ လမ်း ဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၇ လမ်း၊ ၈၁ လမ်းနဲ့ ၈၂ လမ်း ဝန်းကျင်မှာ ဩဂုတ်လ ၂၃ ရက် ည ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ကားတစ်စီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့် ကားတစ်စီးဖြတ်သွားတာကို အနောက်ကနေ လှမ်းပစ်တာဖြစ်တယ်လို့ အနီးအနားဝန်းကျင်ရှိ လူတချို့ပြောပါတယ်။

“ဘာကြောင့် ပစ်တာလဲတော့ မသိဘူး။ ကားတစ်စီးဖြတ်မောင်းသွားတယ်။ ကားက အရှိန်နဲ့ မောင်းသွားတာ။ အဲ့ဒါကို မသင်္ကာလို့ ပစ်တာထင်တယ်။ ပစ်တာကတော့ ဆက်တိုက် အချက် ၂၀ လောက်ရှိတယ်။ အသံဗုံးလား မသိဘူး။ အသံကျယ်ကြီး တစ်ချက်လည်း ကြားတယ်။” လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့တဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။ 

မန္တလေးမြို့မှာ ညပိုင်း ပစ်ခတ်မှုတွေဖြစ်ပြီး ဩဂုတ် ၂၂ ရက်ညပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်နဲ့ မြရည်နန္ဒာတိုက်ခန်း ဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

5 mins Ago
Up