close

၂၈ ဦး သေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ

close

March 14, 2022

ချင်းပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝနဲ့ မတူပီမြို့နယ်မှာ  ချင်း‌ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ၊ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅  ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  CDF-Paletwa က ထုတ်ပြန်ပါတယ်။ 

မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦးကျဆုံး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  

စစ်ကောင်စီတပ်သားတွေလာတာကို သတင်းရလို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း  CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။    

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထယ်ဘွေ့စခန်းအဝင်လမ်းကြောင်းတ‌လျှောက် ပိတ်ဆို့ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တွီဆော့ကုန်း ကျေးရွာထဲက လူနေအိမ် စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။  

9 mins Ago

December 28, 2019

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် ၂၈ ဦး သေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်း ဖန်ဖုန်းကြောင့် သေဆုံးသူ ၂၈ ယောက်အထိ မြင့်တက်လာပြီး ၁၂ ယောက် ပျောက်ဆုံးနေတယ်လို့ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။  ဒေသအခေါ် အာဆူလာ မုန်တိုင်းဟာ ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်ခဲ့တာပါ။  မုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့ပြီး လေတိုက်နှုန်း တနာရီ ၁၉၅ ကီလိုမီတာအထိ တိုက်ခတ်ခဲ့ပါတယ်။  ဒီဇင်ဘာလ ၂၅ ရက်က မုန်တိုင်းဗဟိုချက်ဟာ ဖိလစ်ပိုင်ကျွန်းစုကနေ ထွက်သွားခဲ့ပြီး  မနက် ၆ နာရီဝန်းကျင်မှာတော့ ဇမ်ဘာလက်စ်ပြည်နယ်ကနေ ၃၃၅ ကီလိုမီတာကွာမှာ ရှိခဲ့တယ်လို့ စီမံခန့်ခွဲရေးကောင်စီက ပြောခဲ့ပါတယ်။   တိုင်ဖွန်း ဖန်ဖုန်းကြောင့် လှေတွေ၊ နေအိမ်တွေ ပျက်စီးခဲ့ရပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၃၉,၀၀၀ လောက် ယာယီရွက်ဖျင်တဲတွေမှာ နေထိုင်နေရပါတယ်။  ဒါ့အပြင် မြူနီစီပယ်ဒေသပေါင်း ၉၀ နီးပါး လျှပ်စစ်မီးပြတ်တောက်နေပါတယ်။  မုန်တိုင်းကြောင့် ငါးလုပ်ငန်း ထိခိုက်ပျက်စီးမှုဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းအောက် ရှိတယ်လို့ epa သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up