close

၂ ဦးသေဆုံး

close

December 12, 2022

စစ်တွေမြို့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံး၊ ၃ ဦးပျောက်ဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်က ပင်လယ်ကမ်းစပ်မှာ ဒီဇင်ဘာ ၁၂ ရက်က ငါးဖမ်းစက်လှေတိမ်းမှောက်ခဲ့တာကြောင့် ၂ ယောက်သေဆုံးပြီး ၃ ယောက် ပျောက်ဆုံးနေတယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေရှင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ငါးဖမ်းစက်လှေပိုင်ရှင် ဦးဟာမီဒူဆန်း (၂၈နှစ်) နဲ့ ဦးစံ (၃၀နှစ်) တို့ရဲ့အလောင်းတွေဖြစ်ပြီး သူတို့ နှစ်ဦးဟာ အုန်းတောချေကယ်ဆယ်ရေးစခန်းနဲ့ ဘေဒူဖကယ်ဆယ်ရေးစခန်း(၁)တို့က ဖြစ်ကာ ပျောက်ဆုံးနေသူ ၃ ယောက်ရဲ့ နာမည်နဲ့ နေရပ်ကို စုံးစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုတွေ့ရတဲ့ အလောင်းတွေမှာ ပြင်ပဒဏ်ရာ မတွေ့ရဘဲ ငါးဖမ်းစက်လှေ မှောက်တာကြောင့် သေဆုံးတာလို့ယူဆရပြီး ၃ ယောက် ပျောက်နေတယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း ပြန်ကြားရေးတာဝန်ခံ  ကိုသာဂီဖြိုးက ပြောပါတယ်။

"ဘာဆာကျေးရွာရဲ့ အနောက်ဘက်ကမ်းစပ်မှာ တွေ့တာပါ။ ငါးဖမ်းစက်လှေနဲ့ ငါးဖမ်းရာမှာ စက်လှေမှောက်တာလို့ သိရတယ်။ အခု စက်လှေပိုင်ရှင်နဲ့ နောက်တဦးကို တွေ့ထားတာ။ ဒဏ်ရာ ဒဏ်ချက်တွေတော့ မတွေရဘူး။  အဲဒီစက်လှေမှာ ၅ ယောက်ပါသွားတာလို့  ပြောကြတယ်။ နောက် ၃ ယောက်ကတော့ ပျောက်နေတယ်။"

တိမ်းမှောက်သွားတဲ့ စက်လှေဟာ ဒီဇင်ဘာ ၁၁ ရက်က ငါးဖမ်းထွက်သွားကြတာဖြစ်ပြီး လှေမှောက်လို့တွေ့ရတဲ့ အလောင်းတွေကို စစ်တွေပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။

6 mins Ago

July 24, 2022

မန္တလေးမြို့တွင် ဖြိုချနေသည့်တိုက်ဟောင်း ပြိုကျပြီး ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားရှိ တိုက်အဟောင်းကို ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီကျော်က ဖြိုဖျက်စဥ် ကွန်ကရစ်ကြမ်းခင်း ပြိုကျတဲ့အတွက် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အနီးအနားရှိ ပြည်သူတဦးက “ဘေးမှာက ဆိုင်ကယ်ကယ်ရီသမားတွေ၊ သစ်သီး ရောင်းတဲ့သူတွေ ရှိတယ်။ သူတို့တွေ အပေါ် ပိကျတာ။ နှစ်ဦး သေတယ်” လို့ ပြောပါတယ်။

ပြိုကျတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေ ကို ဆေးရုံကြီးပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကွန်ကရစ်ကြမ်းခင်း ပြိုကျမှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့ အလုပ်သမား ၂ ဦးအပါအဝင် ၄ ဦးကတော့ အခြေအနေ စိုးရိမ်စရာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up