close

၂ ဦးသေ

close

March 2, 2022

မြိုင်မြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၂ ဦးသေ

​မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၁ ရက် ညနေပိုင်းက နာရေးကားကို အသုံးပြုပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲတယ်လို့ မြိုင်PDFကနေ သိရပါတယ်။

မြိုင်မြို့နယ် သရက်ကန်ရေနံမှော်ကနေ နာရေးကားကို အသုံးပြုပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က မိုင်း ၇ လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့တာလို့  မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ စစ်ကောင်စီတပ်တွေဘက်ကတောပြန် ပစ်တယ်။ ကျနော်တို့ PDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်”။

ဒါအပြင် မြိုင်မြို့နယ် တောင်ပိုင်း ကိုင်းတောမရွာနဲ့ မြိုင်ကြားမှာရှိတဲ့ စက်မှု ( ၂) ကိုလည်း မြိုင်PDF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၆ ယောက်လောက် ဒဏ်ရာပြင်းထန်ကာ သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။

“ ကျနော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်ခြေမှုန်းဖို့ လူအင်အားက ပြည်စုံတယ်။ ဒါပေမဲ့ လက်နက်အင်အား မမျှတလို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲဝင်နေကြရတယ်။ ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ မိမိမတို့ တတ်နိုင်တဲ့နေရာကနေ ထောက်ပံပေးကြဖို့လည်း တိုက်တွန်းထားပါတယ်”လို့  မြိုင်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို အင်အားအလုံးရင်းနဲ့ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ရေနံမှော်တွေကိုပါ မီးရှို့ဖျက်ဆီးသွားလို့  ကျပ်သိန်းပေါင်းများစွာဆုံးရှုံးနစ်နာခဲ့ရပါတယ်။

10 mins Ago

November 1, 2020

အီရတ်တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၅၁ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံ တောင်ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း တခုပေါက်ကွဲလို့ လူ ၂ယောက်ထက် မနည်း သေဆုံးပြီး ၅၁ ယောက် ဒဏ်ရာရတယ်လို့ ရဲသတင်းရင်းမြစ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။ မြို့တော် ဘဂ္ဂဒက် ရဲ့ တောင်ပိုင်း ဆာမာဝါ မြို့နားမှာ အောက်တိုဘာ ၃၀ ရက်က ပေါက်ကွဲခဲ့တာပါ။  ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပြီးတဲ့နောက် မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ခဲ့ကြ ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေး ၂ယောက် သေဆုံးပြီး ရှီးယိုက် ပြည်သူ့စစ် တိုက်ခိုက်ရေးသမား ၉ ယောက် အပါအဝင် လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ မီးသတ်သမားတွေက မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားဆဲလို့လဲ ကြေညာချက်က ပြောပါတယ်။ ဆာမာဝါမြို့နားက အီရတ်ပြည်သူ့စစ်စခန်းနားမှာ ပိုက်လိုင်းရဲ့ တိုးချဲ့ပိုက်လိုင်းက ဖြတ်သွားတယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတောင်ပိုင်း သယံဇာတ နယ်မြေတွေက ဓာတ်ငွေ့တွေကို နိုင်ငံတောင်ပိုင်းနဲ့ မြို့တော်နားက အဓိက စွမ်းအင်စခန်းဆီကို ပေးပို့ဖို့ သွယ်တန်းထားတာလို့ အီရတ် စွမ်းအင် အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ အီရတ်ရဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်ကို သက်ရောက်မှု မရှိဘူးလို့ ဓာတ်ငွေ့ဆိုင်ရာ အရာရှိ ၂ ဦးက ပြောထားပါတယ်။
1 year Ago
Up