ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ မတ်လ ၁၀ ရက် ဒီနေ့မနက်က KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။
ဒီနေ့မနက် တိုက်ပွဲဖြစ်တဲ့နေရာကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ရှင်းလင်းရာမှာ MA 1 သေနတ်တစ်လက်၊ ကျည်ကာအင်္ကျီတထည်၊ ဖုန်းတစ်လုံးနဲ့ တခြားစစ်အသုံးဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ KNLA စစ်သားတယောက်က ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြေကုပ်ယူထားတဲ့ လေးကေ့ကော်မြို့သစ် လက်နက်ကြီးတောင်ကုန်းပေါ်ကနေ 120 မမ လက်နက်နဲ့ ဖလူးလေးရွာဘက်ကို ပစ်ခတ်ခဲ့သလို လက်ငယ်တွေနဲ့လည်း မွန်းလွဲ ၂ နာရီလောက်က ပစ်ခတ်ခဲ့ပါတယ်။
လေးကေ့ကော်ဒေသမှာ မတ်လ ၉ ရက် မနက် ၉ နာရီလောက်ကလည်း KNLAနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကနီမြို့နယ် ကင်းရွာနဲ့ ၁၂ မိုင်အကွာက မြိုင်းဇရပ်လမ်းခွဲမှာ မေ ၂၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ Medical အဖွဲ့ဆီက သိရပါတယ်။
ဒဏ်ရာရသူ ၃ ယောက်ထဲက ၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က သယ်ဆောင်သွားပြီး ပေါင်နဲ့ခြေထောက်ဖောက်ထွက်ဒဏ်ရာရသူနဲ့ ဗိုက်ရှပ်ထိထားသူကိုတော့ ဆေးအကူညီ ပေးထားတယ်လို့ ဆိုပါတယ်။
မနက္ပိုင္း ၇ နာရီ ၁၅ လောက်ကစပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး နဲ့ ပစ်ခတ်နေတယ်လို့သိရပါတယ်။