close

၄ဦးဖမ်းဆီးခံရ

close

July 1, 2021

ဖားကန့်မြို့က တာမခန်သပိတ် ဖြိုခွင်းခံရပြီး ၄ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်မြို့သစ်က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

သပိတ်လှည့်လည်နေ့စဥ် အိမ်စီးကားနဲ့ အတင်းမောင်းဝင်လာပြီး ကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်ဖြိုခွင်းခဲ့တာကြောင့် ဒေသခံ ၄ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ပြင် သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ဘင်ခရာဝိုင်းက ဘင်တွေကို ဓားနဲ့ထိုးဖောက်ဖျက်ဆီးသွားပြီး ဘောက်နဲ့ ဆိုင်ကယ်တွေကိုလည်း သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၄ ဦးကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဖားကန့်မြို့က၊ တာမခန်မြို့သစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းမှုအပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ကာ နေ့စဥ်ဆန္ဒပြခဲ့တာ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ပထမဆုံးဖြိုခွင်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

5 mins Ago
Up