close

၄၂ ဦး သေဆုံး

close

June 27, 2021

ကိုဗစ်-၁၉ ကြောင့် ထိုင်းတွင် တရက်တည်း ၄၂ ဦးသေဆုံး၊ ၄၀၀၀ နီးပါး ကူးစက်ခံရ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာ တရက်အတွင်း ရောဂါကူးစက်ခံ ရသူပေါင်း ၃,၉၉၅ ယောက်ရှိခဲ့ပြီး ၄၂ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာ ၄၅ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်း ထောင်တွေထဲက ဖြစ်တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီးကြပ်ရေးစင်တာက ပြောပါတယ်။

လတ်တလောအချိန်ထိ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၄၄,၄၄၇ ယောက်နဲ့ သေဆုံးသူ ၁,၉၁၂ ယောက်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ သန်းချီကူးစက်ခံနေရပြီး ထိပ်တန်းကူးစက်ခံနိုင်ငံတွေ ဖြစ်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်းကျော်၊ သေဆုံးသူ ၄၈၀၀ ကျော်နဲ့ ရပ်တည်နေပြီး ထိုင်းနိုင်ငံကတော့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

ပဉ္စမနေရာမှာတော့ ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၂၉၀ ယောက် ရှိပါတယ်။

24 seconds Ago
Up