close

၄ နေရာ

close

April 4, 2022

မုံရွာအကျဉ်းထောင်တွင်းဖိနှိပ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် PDF တပ်ဖွဲ့က မြို့ပေါ် ၄ နေရာတွင် ဖောက်ခွဲ

မုံရွာအကျဉ်းထောင်မှာ  ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မုံရွာမြို့  ၄ နေရာမှာ ဧပြီလ ၃ ရက်က ဖောက်ခွဲမှုတွေ လက်တုံ့ပြန် ပြုလုပ်လိုက်တယ်လို့  ဒေသခံ PDF အဖွဲ့တွေကပြောပါတယ်။ 

နန္နဝန်ရပ်ကွက်၊ မဂ္ဂင်လမ်းနဲ့ ဂေါ်သဇင်လမ်းပေါမှာ လက်ပစ်ဗုံးတလုံး၊ ဂေါက်ကွင်းမြောက်ဘက်မှာ လက်ပစ်ဗုံး ၂ လုံး၊ နတ်လူထိပ်ပန်မှာ လက်ပစ်ဗုံး ၂ လုံး တပြိုက်နက်ဖောက်ခွဲခဲ့သလို   ကန်သာယာတောင်ဘက်ရှိ ဟိုတယ်အမှိုက်ကန်နဲ့  ဘိုးဘွားရိပ်သာအဝိုင်းမှာ  မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ 

မုံရွာအကျဉ်းထောင်မှာ စစ်ကောင်စီတပ်နဲ့ ထောင်၀န်ထမ်းတွေက  နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှဉ်းပန်းနေတာကြောင့် ဧပြီ ၃ ရက် ညနေပိုင်းမှာ ထောင်တွင်းဆန္ဒပြတောင်းခဲ့ကြရာမှာ  စစ်ကောင်စီနဲ့ ထောင်ဝါဒါတွေက သေနတ်နဲ့ ပစ်ခတ်နှိပ်နင်းခဲ့တာဖြစ်ပါတယ်။

ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက  “ထောင်ထဲမှာ ၅ နာရီ မိနစ် ၂၀ လောက်ကဖြစ်တာ  အဲ့ဒီအချိန်မှာပဲ  ကျနော်တို့ မဟာမိတ်အဖွဲ့ထဲက တဖွဲ့က အကြံပြုတယ်။  စစ်ကောင်စီက ငါတို့ ရဲဘော်တွေကိုထောင်ထဲမှာ နှိပ်စက်နေပြီ၊ ရက်စက်၊ယုတ်မာနေပြီ၊ ငါတို့အပြင်ကနေတခုခုလုပ်ပြီး လှုပ်ပြဖို့ လိုအပ်နေပြီ၊ တို့လူတွေနောက်မှာငါတို့တတွေ အမြဲ အဆင်သင့်ရှိတယ်ဆိုတာကိုပြသဖို့လိုအပ်ပြီလို့ အကြံပြုတာကြောင့်  ကျနော်တို့ အခု Mission ကို ပြုလုပ်လိုက်တာ”လို့ ပြောပါတယ်။

အဆိုပါ ဖောက်ခွဲမှုတွေကို ဒဿ Monywa PDF ပြောက်ကျားအဖွဲ့၊  Monywa Generation Tiger ၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊  Special Task Force A MI MYAY မဟာမိတ်အဖွဲ့ ၄ ဖွဲ့ ကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့တွေ Mission မစခင်မှာ ညနေ ၅ နာရီခွဲ ကစပြီး ပြည်သူတွေကို အပြင်မထွက်ဖို့ ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရုံးကြီးရပ်မှာ ဧပြီ ၃ ရက် က ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်းဆန္ဒပြမှုကို  စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာအကျဉ်းထောင်ဝန်ထမ်းတစ်ယောက်ထံက သိရပါတယ်။

52 seconds Ago
Up