ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာကို ၅ နှစ်စာချုပ်နဲ့ တရားဝင်ခန့်အပ်လိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် တစ်ရက်အတွင်းမှာပဲ ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့တာပါ။
အသက် ၄၇ နှစ်ရှိ နည်းပြ ဂရေဟမ်ပေါ်တာဟာ အသင်းကြီးတွေကို ကိုင်တွယ်ဖူးတာမရှိပေမဲ့ ဘရိုက်တန်အသင်းကို စွမ်းဆောင်ရည်ကောင်းရရှိအောင်ဦးဆောင်နိုင်ခဲ့သူပါ။
ချဲလ်ဆီးအသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိပြီး၊ အသင်းသားတွေနဲ့အတူ ရှေ့ဆက်သွားဖို့ စိတ်လူပ်ရှားမိတယ်လို့ နည်းပြဂရေဟမ်ပေါ်တာကပြောပါတယ်။
စာချုပ်ဖျက်သိမ်းပေးခဲ့ပြီး အခွင့်အရေးပေးခဲ့တဲ့ ဘရိုက်တန်အသင်းကိုလည်း ကျေးဇူးတင်ကြောင်း ဂရေဟမ်ပေါ်တာကပြောပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီကတော့ ဂရေဟမ်ပေါ်တာဟာ တီထွင်ဆန်းသစ်တဲ့ ကစားပုံနဲ့အတူ ပရီးမီးယားလိဂ်မှာ သက်သေပြခဲ့ပြီးသားနည်းပြဖြစ်ပြီး အသင်းရဲ့ ရည်မှန်းချက်တွေနဲ့လည်းကိုက်ညီတဲ့နည်းပြဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။