close

၅ဦးထက်မနည်းသေဆုံး

close

September 28, 2021

ထန်တလန် မြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံး

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ထန်တလန် CDF နဲ့ အကြမ်းဖက်စစ်အုပ်စုတွေတိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ CDF ကထုတ်ပြန်ပါတယ်။

မနက် ၁၀ နာရီကျော်လောက်က ထန်တလန် CDF နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် မိမိတို CDF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူပိုင် နေအိမ်တွေ စျေးဆိုင်တွေက ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေ ပြုလုပ်ပါက တွေ့တဲ့နေရာမှာ ပစ်သတ်သွားမယ်လို့ သတိပေးထားပါတယ်။

ပြည်သူ့စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘက်ကို ပူးပေါင်းမယ်ဆိုပါက CDF ထန်တလန် အနေနဲ့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးမယ်လို့ အသိပေးတိုက်တွန်းထားပါတယ်။

စက်တင်ဘာ ၁၈ ရက်က  ထန်တလန် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ထန်တလန် CDF က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက သာလွန်အင်အားသုံးပြီး လက်နက်ကြီးငယ်တွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သို နေအိမ် ၂၀ လောက်လည်း  မီးလောင်ပျက်စီးခဲ့ပါတယ်။

4 mins Ago
Up