close

၅ဦးဖမ်းဆီးခံရ

close

July 31, 2021

မြတောင်စစ်ကြောင်းက လူငယ်များ နေထိုင်ရာအိမ်အနီး စစ်တပ်ကဝင်ရောက်စီးနင်း၊ ၅ ဦး ဖမ်းခံရ

မန္တလေးမြို့မှာ မြတောင်စစ်ကြောင်းက လူငယ်တွေ နေထိုင်ရာအိမ်အနီး ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေရာ ၅ ဦး ဖမ်းခံရတယ်လို့ ကနဦး သိရပါတယ်။

ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ပစ်ဖောက်တာတွေရှိပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက “မြတောင်သပိတ်က လူငယ်တွေနေထိုင်ရာ အိမ်ပတ်ပတ်လည်ကိုဝိုင်းပြီး ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရတယ်။ ၇ ယောက်နေတာ ၂ ယောက်က ခုန်ချထွက်ပြေးတယ်။ ဘယ်သူတွေပါသွားလည်းတော့မသိရသေးဘူး။” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းက အပြန်မှာလည်း ကျောင်းသား ၃ ယောက်ကို ကားနဲ့တိုက် ဖမ်းဆီးရာ တစ်ဦး ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း မန္တလေးမြို့ရှိ  မြတောင်ကျောင်းတိုက်ကို   စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး  သံဃာတော် ၂ ပါးနဲ့ လူငယ် ၁ ဦးကို ဖမ်းဆီးသွားပါတယ်။

1 min Ago
Up