close

၅၀၅(ခ) အမှု

close

December 16, 2021

မွန်ဝန်ကြီးချုပ်၏ ၅၀၅(ခ) အမှု ဒီဇင်ဘာ ၂၀ ရက်နေ့ အပြီးသတ် အမိန့်ချမည်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီကစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက DVB ကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက  အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅ (ခ) အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲချက်ပေးထားပြီးဖြစ်တဲ့အတွက်ကြောင့် လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ ရှိနေတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအနေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုမှာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်ပါ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ၅၀၅ (ခ) အပြင် တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်းရှင်တွေဆီက ငွေကြေး ရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား စွဲဆိုထားတဲ့ အမှုတွေကိုတော့ စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အထူးတရားရုံဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ တစ်ဦးတည်းသာ ဖမ်းဆီးအမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

10 mins Ago
Up