ဘောလုံးထိချက် ၅ ကြိမ်ရှိရုံနဲ့ ၅ ဂိုးသွင်းယူနိုင်ဖို့က အကြီးမားဆုံးအိပ်မက်ဖြစ်ကြောင်း မန်စီးတီး တိုက်စစ်မှူးဟာလန်းကပြောပါတယ်။
ဟာလန်းဟာ ပွဲစဉ်တချို့မှာ ဘောလုံးထိချက်သိပ်မရှိခဲ့တဲ့ အပေါ် BeINSportရုပ်သံနဲ့ အင်တာဗျူးမှာ ဟာလန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
“လူတွေက ကျနော်ဘောလုံးထိချက်သိပ်မရှိတဲ့အပေါ်မှာ ပြောဆိုတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျနော်ဂရုမစိုက်ပါဘူး။ ကျနော့် အိပ်မက်က ဘောလုံး ၅ ကြိမ်ထိပြီး ၅ ဂိုးသွင်းယူနိုင်ဖို့ပါ။ ဒါက ကျနော့်ရဲ့ အကြီးမားဆုံးအိပ်မက်ဖြစ်တယ်”လို့ ဟာလန်းက ပြောပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးနဲ့ ပြိုင်ပွဲစုံ ၁ဝ ပွဲကစားအပြီးမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ ရေရှည်အထိတွေးမထားဘဲ အနီးဆုံးပွဲစဉ်ကိုပဲ အာရုံစိုက်ကြောင်း ဟာလန်းကပြောသွားပါတယ်။