close

၅ ယောက် လူစားလဲခွင့်

close

December 27, 2021

၅ ယောက် လူစားလဲခွင့်ပြုရန် ချဲလ်ဆီးနှင့် မန်ယူ နည်းပြများ ထပ်မံတောင်းဆို

ပရီးမီးယားလိဂ်မှာ လူစားလဲခွင့် ၅ ယောက် သတ်မှတ်ပေးဖို့ ချဲလ်ဆီးနည်းပြနဲ့ မန်ယူနိုက်တက် နည်းပြတွေက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။ ကစားသမားတွေအနေနဲ့ ကိုဗစ်ကူးစက်ခံရအပြီး ပြန်လည်ကစားချိန်မှာ ပိုပြီးသက်သောင့်သက်သာရှိစေဖို့ လူစားလဲခွင့် ၅ ဦးအထိ သတ်မှတ်ပေးဖို့ ထိပ်တန်းနည်းပြတွေက ပြန်လည်တောင်းဆိုခဲ့တာပါ။

ချဲလ်ဆီးနည်းပြ တူချယ်ကတော့  ၅ ဦး လူစားလဲခွင့်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ကစားသမားတွေကို ကာကွယ်မှုပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။

မန်ယူနည်းပြ ရက်ဖ်ရင်းနစ်ခ်ကတော့ ၅ ယောက် လူစားလဲခွင့်ဟာ အင်္ဂလန်မှာပဲ ကန့်သတ်နေတာ ဖြစ်ပြီး ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်ဖို့အတွက် လိုအပ်တယ်လို့ ထောက်ပြသွားပါတယ်။

တခြားဥရောပလိဂ်တွေမှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းက ၅ ဦးအထိ လူစားလဲခွင့်ပြောင်းလဲ အသုံးပြုခွင့်ပေးခဲ့ပေမဲ့ အင်္ဂလန်မှာတော့ မူလစည်းမျဉ်းအတိုင်း ၃ ဦးသာ လူစားလဲခွင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

1 min Ago
Up