အားပြင်း ဆိုင်ကလုန်း နီဗာဟာ နိုဝင်ဘာ ၂၆ ရက် အစောပိုင်းက အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တာကြောင့် လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဓာတ်အားလိုင်းတွေနဲ့ သစ်ပင်တွေလည်း မြေကြီးက ကျွတ်ထွက်ခဲ့ပါတယ်။
ဆိုင်ကလုန်း နီဗာဟာ ပူဒူဂျရီမြို့အနီး ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းတစ်နာရီ ကီလိုမီတာ ၁၃၀ တိုက်ခတ်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဆိုင်ကလုံးနီဗာကြောင့် ချင်းနိုင်းမြို့အနီးဝန်းကျင်မှာ သစ်ပင်ပြိုလဲမှ်၊ ရေနစ်မှုနဲ့ လျှပ်စစ်ရှော့ခ် ဖြစ်တာတွေ ရှိခဲ့ပြီး ၅ ယောက် သေဆုံးတယ်လို့ the Times of India သတင်းက ဖော်ပြပါတယ်။
ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကလည်း လဲကျသစ်ပင်တွေနဲ့ ဓာတ်တိုင်တွေကို ရှင်းလင်း ဖယ်ရှားနေတယ်လို့ တာဝန်ရှိသူတွေက တွစ်တာမှာ ရေးသားပါတယ်။
အခုချိန်မှာတော့ နီဗာဟာ လေတိုက်နှုန်း တစ်နာရီ ၈၅ ကီလိုမီတာကနေ ၉၅ ကီလိုမီတာ အထိ ကျဆင်းပြီး ထပ်မံအားပျော့သွားမယ် မျှော်လင့်တယ်လို့ မိုးလေဝသဌာနက ပြောကြားခဲ့ ပါတယ်။
6 months Ago