close

၅ ဦးသေ

close

January 12, 2023

တရုတ်တွင် လမ်းဖြတ်ကူးသည့်လူအုပ်ထဲ ကားဝင်တိုက်၊ ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာ ကားတစီးဟာ ဇန်နဝါရီ ၁၁ ရက်က လမ်းဖြတ်ကူးနေတဲ့ လူအုပ်ကြားထဲကို ဝင်ရောက်ဖြတ်တိုက်ခဲ့တာကြောင့် လူ ၅ ဦးသေဆုံးပြီး နောက်ထပ် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပါတယ်။ 

ဒါဟာ ကားနဲ့ အစုအပြုံလိုက် တမင်တိုက်သတ်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုကြပြီး ရိုက်တာသတင်းဌာနကရထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာလည်း ဒီကားဟာ လမ်းလျှောက်သွားလာနေသူတွေထဲကို ဝင်တိုက်ခဲ့ပြီးနောက် ဆက်မောင်းထွက်သွားတာကို တွေ့ရပါတယ်။

ကားနဲ့တိုက်ခံခဲ့ရသူတွေကတော့ လမ်းမပေါ်မှာတင် လဲလျောင်း ကျန်ရှိနေခဲ့ကြတာဖြစ်ပြီး ဒေသန္တရ အာဏာပိုင်တွေကတော့ ယာဉ်မောင်းကို ဖမ်းမိပြီမို့ ဒီဖြစ်ရပ်အတွက် ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံ CGTN က ကြေညာပါတယ်။

8 mins Ago
Up