close

၅ ဦး သေဆုံး

close

October 14, 2021

နော်ဝေးတွင် အမျိုးသားတစ်ဦးက လေးနှင့်မြှားဖြင့် ပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံး

လေးနဲ့မြှားကို ကိုင်စွဲထားတဲ့ အမျိုးသားတယောက်က ဆက်တိုက် တိုက်ခိုက်ခဲ့လို့ နော်ဝေနိုင်ငံ ကွန်းစဘတ်စ်မြို့မှာ အောက်တိုဘာ ၁၃ ရက်က လူ ၅ ဦး သေဆုံးပြီး တခြားလူ ၂ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူ တယောက်ဟာ တာဝန်ချိန်ပြင်ပ ရဲအရာရှိတယောက်ပါ။

ရဲတွေက ဒီအမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး အကြီးအကျယ် စုံစမ်းစစ်ဆေးနေ တယ်လို့ အစိုးရက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးက နိုင်ငံအနှံ့က အရာရှိတွေ လက်နက်ကိုင်ကြဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

နော်ဝေရဲတပ်ဖွဲ့ဟာ ပုံမှန်အားဖြင့် လက်နက်ကိုင်လေ့မရှိဘဲ အရာရှိတွေဟာ လိုအပ်ချိန်မှသာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်တွေကို ကိုင်လေ့ ရှိပါတယ်။

နော်ဝေတရားရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီး မိုနီကာ မေးလန်းက တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လက်ခံ ရယူနေပြီး အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ၂၀၁၁ ခုနှစ်က လက်ယာစွန်း အန်ဒရေ ဘရီဗစ်ခ်က လူငယ်စခန်းထဲက ဆယ်ကျော်သက် ၇၇ ယောက်ကို တိုက်ခိုက်သတ်ဖြတ်အပြီး အဆိုးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

1 min Ago

January 22, 2021

 အိန္ဒိယရှိ အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံ မီးလောင်၊ လူ ၅ ဦး သေဆုံး

အိန္ဒိယအနောက်ပိုင်းက ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံမှာ ဇန်နဝါရီ ၂၁ ရက်က မီးလောင်လို့  လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။   ပူနေးမြို့ က  Serum Institute  ရဲ့ တည်ဆောက်ဆဲအဆောက်အအုံ တစ်ခုမှာ မီးစလောင်ခဲ့တာပါ။ နောက်ပိုင်းမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့  လူ ၅ သေဆုံးခဲ့တယ်လို့ ပူနေးမြို့တော်ဝန်က အတည်ပြု ပြောပါတယ်။  "ဒီလိုအရေးပေါ်အခြေအနေတွေကို ဖြေရှင်းဖို့ ထုတ်လုပ်ရေးအဆောက်အအုံ အများအပြား အရန် ထားရှိတာကြောင့် ပြည်တွင်းမှာ  Covishield လို့ လူသိများတဲ့  အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေးကို မထိခိုက်ပါဘူး"လို့ Serum Institute စီအီးအို  အက်ဒါ-ပူနာဝါလာက ပြောပါတယ်။  မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 
9 months Ago
Up