close

၆၄ မိုင်တိုက်ပွဲ ၁ နှစ်ပြည့်

close

April 18, 2022

ကနီမြို့နယ်တွင် ၆၄ မိုင် တိုက်ပွဲ ၁ နှစ်ပြည့်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တူမီးသပိတ်ကျင်းပ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊  မုံရွာ- ယာကြီး- ကလေးဝကားလမ်း ဆယ်ရွာဒေသ ၆၄ မိုင် တိုက်ပွဲ ၁ နှစ်ပြည့် အမှတ်တရအောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တူမီးသပိတ်၊ တူမီးသင်္ကြန်၊ တူမီးတော်လှန်ရေး သပိတ်စစ်ကြောင်းကို မနေ့ညနေ ၃ နာရီက ကနီမြို့နယ် ကျေးရွာတရွာ ကျင်းပပါတယ်။

အခမ်းအနားမှာ NUG ကာကွယ်ရေးအလံတော်အား အလေးပြုခဲ့ကြပြီး ၆၄ မိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော် ၃ ဦးနဲ့ ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သော အာဇာနည်ရဲဘော်တွေကို တူမီးသေနတ်တွေ ပစ်ဖောက်ပြီး အလေးပြု ခဲ့ကြပါတယ်။

အဆိုပါ ၆၄ မိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော်တွေကတော့ အောင်ဇော်ဦး၊ ဇော်မျိုးဦးနဲ့ ဖိုးလင်း တို့ ဖြစ်ပါတယ်။

အခမ်းအနားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တရားကို ကနီမြို့နယ် သပိတ် ဦးဆောင်သူ ကိုပြည့်အောင်နိုင် နဲ့ B. E.D နောက်ဆုံးနှစ် ကျောင်းသူတို့က ဟောပြောခဲ့ပြီးနောက် ကနီမြို့နယ် တူမီးတော်လှန်ရေးသံချပ်တေး၊ တော်လှန်ရေးကဗျာတွေကို တက်ရောက်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေ ရွတ်ဆိုခဲ့ကြပါတယ်။

သပိတ်စစ်ကြောင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ ၇၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

2 mins Ago
Up