close

၆ ဦး​သေဆုံး

close

March 8, 2022

ယင်းမာပင်တွင် စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် က​လေးငယ် ၂ ဦးအပါအဝင် ၆ ဦး​သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လက်ပံ​တော(လက်ပ​တော)​ကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု​ကြောင့် က​လေးငယ်  ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ​သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

မတ် ၇ ရက်​နေ့က စည်​လှောင်​ကျေးရွာအတွင်းမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ဒီ​နေ့ မနက်ပိုင်းကစတင်ပြီး ​ကျေးရွာ​တွေဘက်ကို လှည့်လည်စီးနင်းခြင်း​တွေပြုလုပ်ခဲ့ကြရာက​နေ လက်ပံ​တော (လက်ပ​တော)​ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်​ရောက်ခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အဲဒီလို ပစ်ခတ်ဝင်​ရောက်လာစဥ်မှာ စစ်​ရှောင်​နေတဲ့ ပြည်သူ​အချို့ လက်နက်ကြီး ထိမှန်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာ ရသူလည်းရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ​အပြစ်မဲ့ပြည်သူ ၆ ဦး​သေဆုံးခဲ့ရပြီး ၁ ဦးက​တော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​ပြောပါတယ်။ 

က​လေးငယ်  ၂ ဦးနဲ့ မိခင် ၂ ဦးတို့ဟာ ​ကျေးရွာအတွင်းရှိ သူတို့ရဲ့ ​နေအိမ်​တွေထဲမှာရှိ​နေစဥ် လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲမှုကြောင့် ​​သေဆုံးခဲ့တာဖြစ်ပြီး သက်ကြီး  ၂ ဦးက​တော့ ဘုန်း​တော်ကြီး​ကျောင်းဝင်းအတွင်းက ဓမ္မာရုံအတွင်းမှာ စစ်​ရှောင်​နေစဥ် လက်နက်ကြီးထိမှန်​သေဆုံးခဲ့တာလို့ ​​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ လက်ရှိအချိန်ထိ လက်ပံ​တော(လက်ပ​တော)​ ကျေးရွာအတွင်းမှာပဲ ရှိ​နေ​သေးပြီး စစ်​ရေးတင်းမာမယ့် အ​နေအထားရှိတယ်လို့ ​ဒေသခံ​တွေက ခန့်မှန်း​ပြောဆို​နေကြပါတယ်။

စစ်​ကောင်စီတပ်​ဖွဲ့တွေဟာ ​​မတ် ၈ ရက်မနက်ပိုင်းကစပြီး ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာ​တွေကို လှည့်လည်သွားလာ​ကာ ​သေနတ်ပစ်ခတ်တာနဲ့ မီးရှို့တာတွေ ပြုလုပ်​နေတာ​ကြောင့် ကျေးရွာ​ပေါင်း ၁၀ ရွာလောက် ​ဒေသခံပြည်သူ​တွေ ​နေအိမ်​တွေမှာ မ​နေရဲကြဘဲ ထွက်​ပြေး​နေကြရပါတယ်။

2 mins Ago
Up