close

၆ ဦး သေဆုံး

close

February 18, 2023

တန်နက်ဆီပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ မမ်းဖှစ်မြို့ တောင်ဘက် မိုင် ၄၀ လောက်အကွာ မစ္စစ္စပီမြောက်ပိုင်းရှိ မြို့ငယ်လေးမှာ ဖေဖော်ဝါရီ ၁၇ ရက်က သေနတ်သမားတစ်ဦး သောင်းကျန်းခဲ့ပြီး လုံခြုံရေးမှူးတွေ သူ့ကို ဖမ်းမမိခင်မှာ သူ့ရဲ့ ဇနီးဟောင်းနဲ့ တခြားငါးဦးကို နေရာ ၃ နေရာမှာ သတ်ဖြတ်ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

မစ္စစ္စပီမြောက်ပိုင်း တိတ်ကောင်တီရှိ လူဦးရေ ၃၀၀ လောက်ရှိတဲ့ အာခါဘတ်လာ ကျေးလက်တောရွာမှာ သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ အသက် ၅၁ နှစ်အရွယ် သေနတ်သမား ရစ်ချတ်ဒါလီခရမ်ကို ပထမအဆင့် လူသတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ပစ်ခတ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးမှူးတွေက အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ရဲအရာရှိကတော့  သံသယရှိသူနဲ့ သူ့ဇနီးဟောင်းတို့ရဲ့ ဆက်ဆံရေးကို စပြီးစစ်ဆေးမယ် လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဓာတ်ဆီဆိုင် စတိုးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီး လက်ထောက်လုံခြုံရေးမှူးတွေ ရောက်မလာခင်မှာပဲ အနီးနားရှိ နေအိမ်မှာ ဒုတိယအကြိမ် ပစ်ခတ်မှုရှိကြောင်း နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့တယ်လို့ ရဲအရာရှိကပြောပါတယ်။

စတိုးဆိုင်မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ သေနတ်သမားရဲ့ ဇနီးဟောင်းလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကို အိမ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့ပါတယ်။

ရဲအရာရှိတွေဟာ တခြားအိမ်ရဲ့ ကားလမ်းကြောင်းမှာ သံသယရှိသူကို ခြေရာခံမိခဲ့ပြီး သေနတ်သမားဟာ ရုန်းကန်ခြင်းမရှိပဲ အဖမ်းခံခဲ့ပါတယ်။ အဲဒီအိမ်ဟာ သေနတ်သမားရဲ့ နေအိမ်ဖြစ်ပြီး အဲဒီနေရာနဲ့ တဝိုက်မှာ နောက်ထပ် အလောင်း ၄ လောင်းကို အရာရှိတွေ တွေ့ရှိခဲ့ပါတယ်။

သံသယရှိသူဟာ အိမ်နောက်ဘက်ရှိ သေဆုံးသူ ၂ ယောက်နဲ့ မိသားစုဆက်စပ်မှုတွေ ရှိနိုင်ပြီး  ကားလမ်းပေါ်မှာ သေဆုံးသူတွေကတော့ အခင်းဖြစ်နေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား တွေ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

အရာရှိတွေဟာ သံသယရှိသူဆီက သေနတ်တို ၁ လက်နဲ့ လက်ကိုင်သေနတ် နှစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ ဒီမြို့မှာ ခုလို အကြမ်းဖက် ရာဇ၀တ်မှုတွေ အများကြီး မရှိခဲ့ကြောင်းနဲ့ ဒါက ထိတ်လန့်စရာပါလို့ ဒေသခံရဲအရာရှိ လန့်စ်က ပြောပါတယ်။ 

3 mins Ago

May 30, 2020

ယူနန်ပြည်နယ်ရှိ ရေအားလျှပ်စစ်စက်ရုံ ပေါက်ကွဲမှုဖြစ်၊ ၆ ဦး သေဆုံး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရေအားလျှပ်စစ်စက်ရုံတခုမှာ သံသယဖြစ်ဖွယ်ပေါက်ကွဲမှု ကြောင့်   ၆ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့  ယူနန်အစိုးရက ပြောကြားပါတယ်။  ဖူအာမြို့  မို့ကျန်းစီရင်စုရှိ ရေအားလျှပ်စစ်စက်ရုံမှာ   မေလ  ၂၉  ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီက ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။   ပေါက်ကွဲမှုဖြစ်ချိန် အလုပ်သမားတွေဟာ ရေအားလျှပ်စစ်ဆည်ရဲ့ဥမင်ကို တူးဖော်နေ တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။  အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းပြီးဆုံးခဲ့ပြီး ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။   ရေအားလျှပ်စစ်ဟာ လက်ရှိ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်ဖြစ်ပြီး ကျောက်မီးသွေးပြီးရင် ဒုတိယဘက်စုံသုံး စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့ ဝက်ဘ်ဆိုက်သတင်းတွေအရ သိရပါတယ်။ 
3 years Ago
Up