close

၈၈၈၈ အထိမ်းအမှတ်

close

August 7, 2022

နယူးယောက်၊ ကွင်းစ်မြို့နယ်တွင်ကျင်းပသည့် ၈၈၈၈ အထိမ်းအမှတ် ရန်ပုံငွေဈေး​ရာင်းပွဲ (ဓာတ်ပုံ)

၃၄ နှစ်မြောက် "၈၈၈၈ အထိမ်းအမှတ် ရန်ပုံငွေဈေး​ရာင်းပွဲ" ကို Helping Hands for Burma (H2B) အဖွဲ့က ဦးစီးပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊  ကွင်းစ်မြို့နယ်မှာ ဩဂုတ် ၆ ရက်က ကျင်းပရာမှာ ရန်ပုံငွေ ဒေါ်လာ ၃၀,၀၀၀ ကျော်လောက်ရရှိတယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။

ဒီပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံအပြင် နွေဦးတော်လှန်ရေး အမှတ်တရလက်ဆောင် ပစ္စည်းတွေလည်းခင်းကျင်းပြသရောင်းချခဲ့ပြီး  နယူးယောက်တဝိုက်က မြန်မာပြည်ဖွား တိုင်းရင်းသား ၅၀၀ ကျော် လာရောက် အား​ပေးလှူဒါန်းခဲ့ပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို  မြန်မာပြည်အနှံ့အပြားက လိုအပ်နေတဲ့ နေရာတွေကို H2B အဖွဲ့ကနေ တိုက်ရိုက် ကူညီလှူဒါန်းမယ်လို့ သိရပါတယ်။

44 seconds Ago
Up