close

၉၈ ဘီလီယံ

close

March 27, 2023

အမေရိကန်နိုင်ငံသားများ ဘဏ်အပ်နှံငွေပေါင်း ၉၈ ဘီလီယံကျော် ထုတ်ယူ

အမေရိကန်နိုင်ငံရဲ့ ဘဏ်စနစ်အပေါ် ယုံကြည်မှုစိတ်ချရမှုကို လှုပ်ခတ်စေခဲ့တဲ့ တပတ်တာအတွင်း ငွေအပ်နှံ ထားသူတွေဟာ စုစုပေါင်းဒေါ်လာ ၉၈ ဒသမ ၄ ဘီလီယံအထိ ပြန်ထုတ်ယူခဲ့ကြတယ်လို့ ဗဟိုဘဏ် Federal Reserve က ထုတ်ပြန်လိုက်တဲ့ နောက်ဆုံးအချက်အလက်တွေအရ  သိရပါတယ်။ 

ဒီလိုငွေထုတ်ယူမှု အများအပြားကို ဘဏ်အသေးတွေမှာပဲ လုပ်ဆောင်ခဲ့ကြတာပါ။ 

မတ် ၁၅ ရက်နေ့မှာ ကုန်ဆုံးခဲ့တဲ့ ဒီတစ်ပတ်တာအတွင်း ကြီးမားတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း တွေက ငွေအပ်နှံမှု ပိုမိုလုပ်ဆောင်ခဲ့ကြပေမယ့် ဘဏ်အသေးတွေမှာတော့ ဒေါ်လာ ၁၂၀ ဘီလီယံအထိ ပြန်ထုတ်ယူခဲ့တယ်လို့ မတ် ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗဟိုဘဏ်အချက် အလက်ထဲမှာ ပါဝင်ပါတယ်။ 

အမေရိကန်ဗဟိုဘဏ်အနေနဲ့လည်း အတိုးနှုန်းတွေကို ၉ ကြိမ်ဆက်တိုက်အထိ မြှင့်တင်ခဲ့ပြီး ပမာဏအရေအတွက် အပေါ်  တင်းကျပ်လာတဲ့ စည်းမျဉ်းတွေကြောင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ဘဏ်လုပ်ငန်းကဏ္ဍမှာ ဒီလို ပြဿနာ အကျပ်အတည်းတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီတခုဖြစ်တဲ့ JPMorgan Chase and Co. ရဲ့ လေ့လာစိစစ်သူတွေကတော့ "အားနည်းချက်အများဆုံးသော" အမေရိကန်ဘဏ်တွေဟာ ပြီးခဲ့တဲ့နှစ်ကစလို့ အပ်ငွေစုစုပေါင်း ဒေါ်လာ ၁ ထရီလီယီနီးပါး ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်ထားပါတယ်။ 

ဒီနှစ်မတ်လမှာ ဆီလီကွန်ဗယ်လီဘဏ် ပြိုလဲပြီးနောက်ပိုင်း အဲ့ဒီပမာဏထဲက တဝက်ကို  ပြန်ထုတ်ယူခဲ့ကြတာလို့ ဆိုပါတယ်။ 

14 mins Ago
Up