close

၉ တန်းကျောင်းသူ

close

January 13, 2023

ဗန်းမော်မြို့နယ်တွင် ၉ တန်းကျောင်းသူ ၁ ဦး သတ်သေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကုန်းပဟာကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသမီးငယ် တဦး  မြက်ပုတ်ဆေးသောက်ကာ သတ်သေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိမ်းသော်ရွာအထက်တန်းကျောင်းက G-9 အတန်းမှာ တက်ရောက်နေသူ မအေးချမ်းသူ မိဘရဲ့ ဆိုဆုံးမမှုကို တလွဲအတွေးကောက်ပြီး မြက်ပုတ်ဆေးသောက်ကာ သတ်သေခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။

ရွာခံ တဦးက “သူက ၉ တန်း ကျောင်းသူလေး။ မိဘက ကောင်းစေချင်လို့ နည်းနည်းဆူမိ လိုက်တာ။ သူ့စိတ်ထဲ ဘယ်လို တွေးသွားသလဲမသိဘူး။ ဗီဒီယိုတောင် သူ့ ကိုယ်သူ ရိုက်သွား တယ်။ မြက်ပုတ်ဆေးသောက်လိုက်တာ ၂ ခွက်တောင်။ သူ့မိဘတွေ ယူကျုံးမရဖြစ်ကြရတယ်။ သတိပြုစရာလည်း ကောင်းသလို  အခုခေတ် ကလေးငယ်တွေကို ထိန်းသိမ်းတဲ့နေရာတွေမှာ မိဘဆရာတွေအနေနဲ့လည်း ခက်ခဲလာတယ်”လို့ ဆိုပါတယ်။

မြက်ပုတ်ဆေးသောက်ပြီးနောက်  အမျိုးသမီးငယ်ကို တိမ်းတော်လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ မနက် ၁၁ နာရီလောက်က သေဆုံးသွားလို့ ရွာကို ပြန်သယ်ခဲ့ကြရတယ်လို့ လည်း သိရပါတယ်။

4 mins Ago
Up