close

​မြေ​ဖွေး​တောင်

close

September 2, 2021

ယင်းမာပင်မြို့နယ် ​မြေ​ဖွေး​တောင်အနီး စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ​မုံရွာ - ယာကြီး - က​လေးဝလမ်း​ပိုင်း ​မြေ​ဖွေး​တောင်အနီး (​ကွေ့​ချောင်းရွာ အ​နောက်ဘက်) မှာ စက်တင်ဘာ ၁ ရက် ည​နေပိုင်းက စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာ​ကြောင့် စစ်​ကောင်စီတပ်သား  ၂၀ ဝန်းကျင် ထိမှန်သွားပြီး အကျအဆုံး များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီတပ်သား​တွေဟာ မုံရွာ ယာကြီးလမ်းတစ်​လျှောက်ဝန်းကျင် ​ခြေလျင်ကင်းလှည့်နေစဉ် ​​ည​နေ ၅ နာရီခွဲ​လောက်  မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာလို့ အမည်မ​ဖော်လိုသူ တစ်ဦးက ​ပြောပါတယ်။

“မိုင်း ၅ လုံး ​ပေါက်ကွဲခဲ့တာ။ ​ကင်းလှည့်​နေတဲ့ စစ်​ကောင်စီတပ်အဖွဲ့က အင်အား ၃၀ ​ကျော် ၄၀ ဝန်းကျင်ခန့်ရှိပြီး မိုင်း​ပေါက်ကွဲမှု​ကြောင့် စစ်​ကောင်စီတပ်သား  ၂၀ ဝန်းကျင်​လောက် ထိမှန်သွားတယ်လို့ သိရ​တယ်။" 

မိုင်း​ပေါက်ကွဲမှု​ကြောင့် စစ်ကောင်စီဘက်က အကျဆုံးများနိုင်​လောက်တယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

“မိုင်း​ပေါက်ကွဲမှုအပြီး စစ်​ကောင်စီဘက်က ၆ ဘီးကား ၁ စီး နဲ့ ကား​လေး ၁ စီး ​ရောက်လာပြီး အ​လောင်း​တွေထင်တယ် သယ်သွားကြတာမြင်ရသလို ​ပေါက်ကွဲမှုအနီးနားက ဆိုင်တစ်ဆိုင်ကိုလည်း စစ်​ကောင်စီတပ်က မီးရှို့သွားတယ်။" ​

မြေ​ဖွေး​တောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

3 hours Ago
Up