close

‌ေရာ်နယ်ဒို

close

July 28, 2022

လက်ကျန်စာချုပ် ဖျက်သိမ်းပေးရန် စီရော်နယ်ဒို တောင်းဆို

မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းနဲ့ လက်ကျန် တနှစ်သက်တမ်းရှိစာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိဘဲ အသင်းကနေ ထွက်ခွာဖို့ အေးဂျင့် မန်ဒက်စ်ကနေတဆင့် ထွက်ခွာခွင့် တောင်းဆိုခဲ့ပါတယ်။

အသင်းဆီကို ပြန်ရောက်လာတဲ့ အချိန်မှာလည်း မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးခဲ့ပြီး လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး အသင်းပြောင်းရွှေ့ခွင့် ထပ်မံတောင်းဆိုခဲ့တာပါ။

မန်ယူအသင်းဘက်က အဖြေမပေးနိုင်သေးချိန်မှာ ရော်နယ်ဒိုကတော့ ပရော်ဖက်ရှင်နယ်ပီသစွာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

တဖက်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို အသင်းတွေက စီရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ကြောင်း အတည်ပြုထားကြပါတယ်။

4 mins Ago
Up