ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ပိုင်း ဒွန်းနက်စ်ဒေသမှာ ဇန်နဝါရီ ၁၇ ရက်က ပိုလန်နိုင်ငံက ထောက်ပံ့ပေးပို့ထားတဲ့ ဟောင်ဝစ်ဇာအမြောက်တွေကိုသုံးပြီး ရုရှားတပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းတပ်တွေကို ချေမှုန်းနေတဲ့ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ဟောင်ဝစ်ဇာအမြောက်တွေကို ကွပ်ကဲတဲ့ အမြောက်တပ်အရာရှိတဦးက ပြောပါတယ်။
ဒွန်းနက်စ်ဒေသထဲက ပစ်ခတ်တဲ့ နေရာအတိအကျကိုတော့ ထုတ်ဖော်ပြောကြားတာမလုပ်ဖို့ ယူကရိန်းစစ်တပ်အတွင်း စည်းမျဉ်းထုတ်ပြီး တားမြစ်ထားပါတယ်။
ပိုလန်နိုင်ငံဟာ AHS Krab မောင်းသူမဲ့ ဟောင်ဝစ်ဇာ အမြောက်တပ်ဆင်ထားတဲ့ တင့်ကား ၁၈ စီး ယူကရိန်းကို ပေးခဲ့တယ်လို့ အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ပိုလန်လူထုရေဒီယိုက ကြေညာခဲ့ပါတယ်။
ယူကရိန်းတပ်တွေက တန်ပြန်စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ ယူကရိန်းတပ်တွေရဲ့ တည်နေရာတွေကို စီးနင်းတိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို အမှတ် ၂၆ အမြောက်တပ်မဟာက ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်တုံ့ပြန်ခဲ့တာလို့ ပြောက်ကျားနာမည် ယာတာလို့ ပေးထားတဲ့ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့က သူတို့ကို ဟန့်တားထားလို့ ရှေ့ပိုင်းတချို့မှာ ကျနော်တို့ ခြေလျင်တပ်တွေ၊ ကျနော်တို့ရဲ့ လေကြောင်းချေမှုန်းရေးတပ်သားတွေနဲ့ ကျနော်တို့ နယ်မြေကာကွယ်ရေး တပ်တွေက ရှေ့ကို တိုးလာနိုင်တယ်” လို့ သူကပြောပါတယ်။
AHS Krab ဟောင်ဝစ်ဇာတွေဟာ ၄၀ ကီလိုမီတာ အကွာအဝေးအထိ အမြင့်ဆုံး ပစ်ခတ်နိုင်ပါတယ်။