close

2021 Miss Grand International

close

October 7, 2021

2021 Miss Grand International ပြိုင်ပွဲတွင် မြန်မာအလှမယ် အမရာရွှန်းလဲ့ ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၁ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် အမရာရွှန်းလဲ့က ပါဝင်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

ဒီပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စ တင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ် ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

3 mins Ago
Up