close

2022 Miss Eco International

close

March 18, 2022

Miss Eco International အလှမယ်သရဖူ ဖိလစ်ပိုင် ဆွတ်ခူး၊ မြန်မာအလှမယ် Top 21 အဆင့်ထိ ပါဝင်

အီဂျစ်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုအလှမယ် ကက်သလင်းပါတွန်က ဆွတ်ခူးသွားခဲ့ပြီး မြန်မာအလှမယ်ကတော့ Top 21 အဆင့်ထိသာ ပါဝင်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ 1st Runner Up ဆုကို ဘယ်လ်ဂျီယမ်အလှမယ်၊ 2nd  Runner Up ဆုကို အမေရိကန်အလှမယ်၊ 3rd Runner Up ဆုကို စပိန်အလှမယ်၊ 4th Runner Up ဆုကို မလေးရှားအလှမယ်တွေ ရရှိသွားခဲ့ကြတာပါ။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဗမာ+အာခါတိုင်းရင်းသူ အလှမယ် မေမွန်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Best in Eco Dress မှာတော့ Top 11 စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။

Miss Eco International အလှမယ်ပြိုင်ပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်ကစတင်ကာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာ အလှမယ် နန်းဆိုင်လိမ့်ခမ်း၊ နောက် တနှစ် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် မေမြတ်နိုးခင်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ခခစံနဲ့ ၂၀၁၉ ခုနှစ်မှာ အလှမယ် သိုင်းသူသူသွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ အလှမယ် နန်းဝေဝေထွန်းက  သွားရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

5 mins Ago

March 7, 2022

၂၀၂၂ ခုနှစ် Miss Eco International ပြိုင်ပွဲယှဉ်ပြိုင်ရန် အလှမယ် မေမွန် အီဂျစ်သို့ ရောက်ရှိ

အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် Miss Eco International အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာအလှမယ် မေမွန် အီဂျစ်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ အလှမယ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက ခေါ်ယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေထဲက ပဏာမ ဆန်ကာတင် အလှမယ်တွေကို ကနဦး ရွေးချယ်ခဲ့ပြီး Challenge တွေနဲ့ ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အလှမယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာတော့ အသက် ၂၄ နှစ်အရွယ် ဗမာ+အာခါ တိုင်းရင်းသူ အလှမယ် မေမွန်က သရဖူ ဆွတ်ခူးရရှိခဲ့တာပါ။

Miss Eco International အလှမယ်ပြိုင်ပွဲတွေကိုတော့ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်ကစ တင်ကာ စေလွှတ်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာ အလှမယ် နန်းဆိုင်လိမ့်ခမ်း၊ နောက် တနှစ် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် မေမြတ်နိုးခင်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ခခစံနဲ့ ၂၀၁၉ ခုနှစ်မှာ အလှမယ် သိုင်းသူသူသွေးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ အလှမယ် နန်းဝေဝေထွန်းက  သွားရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

2 weeks Ago
Up