close

5G Express

close

January 27, 2022

ဆောင်းရာသီအိုလံပစ်ပွဲအတွက် တရုတ် 5G Express ရထား စတင်ပြေးဆွဲ

တစ်နာရီ ၃၅၀ ကီလိုမီတာနဲ  မောင်းနှင်တဲ့ ကမ္ဘာ့ပထမဆုံး 5G Express အမြန်ရထားကို ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေကျင်းပမယ့် ပြည်နယ်သုံးခုမှာ စတင်ပြေးဆွဲနေပြီလို့ တရုတ်နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။

မြန်နှုန်းမြင့်ရထားလမ်း၊ 5G အင်တာနက်ကွန်ရက်၊ အချိန်နဲ့တပြေးညီ ဗွီဒီယို တိုက်ရိုက်လွှင့်ထုတ်ပြသမှုတို့ကို ပေါင်းစပ်ထားတာပါ။

တရုတ်နိုင်ငံပိုင် telecommunication ဌာနဖြစ်တဲ့ China Tower ရဲ့  မန်နေဂျာ ကျန်ကွမ် က “အခက်အခဲဆုံးအပိုင်းကတော့ ၁ နာရီ ကီလိုမီတာ ၃၅၀ နဲ့ ပြေးနေတဲ့ ရထားပေါ်မှာ Live လွှင့်နေတဲ့ ဗွီဒီယိုတွေကို 5G ကွန်ရက်ကတဆင့် အဆက်မပြတ်ကြည့်ရှုနိုင်ဖို့ပါ။ အဲဒီပြဿနာဖြေရှင်းဖို့အတွက် ကျနော်တို့ ဒေတာဆုံးရှုံးမှုနည်းပြီး ကြိမ်နှုန်းမြင့်မားတဲ့ ယိုစိမ့် coaxial cable အမျိုးစားတခုကို တီထွင်ခဲ့တာပါ။ ဒါဟာ ကမ္ဘာမှာ ပထဆုံးအောင်မြင်မှု ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပေကျင်းမြို့နဲ့ ကျန်ကျားခိုမြို့တို့ကို ပြေးဆွဲတဲ့ မြန်နှုန်းမြင့်ရထားလမ်းဟာ ၂၂၆ ကီလိုမီတာ ရှည်လျားပြီး သုံးပုံတစ်ပုံအကွာအဝေးက ဥမင်လှိုင်ခေါင်းတွေကို ဖြတ်ရတာကြောင့် 5G ကွန်ရက်ရဖို့အတွက် ဆက်သွယ်ရေးတာဝါတိုင် ၃၆၀ စိုက်ထူထားရတယ်လို့ ပြောပါတယ်။ မတ်လမှာ 5G အမြန်ရထား အစီး ၄၀ ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

3 mins Ago
Up