close

6G

close

November 17, 2022

တရုတ်နိုင်ငံတွင် 6G နည်းပညာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပ

၂၀၂၂ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ 6G နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ နိုဝင်ဘာ ၁၅ ရက်က စတင်ကျင်းပခဲ့ပါတယ်။

6G ကွန်ရက်နည်းပညာသစ်တွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ စုစည်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့  ၂ ရက်တာ ကျင်းပမှာဖြစ်ပြီး 6G ကွန်ရက်ရဲ့ ခေတ်အမီဆုံး အဆင့်မြင့်ဆုံး နည်းပညာကိုလည်း မိတ်ဆက်ပေးသွားမှာပါ။

တရုတ်နိုင်ငံဟာ 6G ကြိုးမဲ့နည်းပညာသစ်ရဲ့ အရေးပါမှုကို သိရှိပြီး တီထွင်ဖန်တီးမှုဆိုင်ရာ တိုးတက်မှု အခြေအနေကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လေ့လာနေခဲ့တာပါ။

6G ကွန်ရက်နည်းပညာဟာ လူသားတွေ၊ အရာဝတ္ထုတွေနဲ့ ဉာဏ်ရည်မြင့် နည်းပညာပစ္စည်းတွေရဲ့ အင်တာနက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းမှတဆင့် ဒစ်ဂျစ်တယ်နဲ့ လက်တွေ့ကမ္ဘာကြားက လစ်ဟာမှုကို ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့ IMT-2030 6G နည်းပညာမြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဝမ်ကျိချင်က ပြောပါတယ်။

6G ကွန်ရက်ရဲ့ အဓိကနည်းပညာကို သုတေသနပြု လေ့လာနေဆဲအဆင့်မှာပဲ ရှိသေးပြီး ၂ နှစ်ကနေ ၃ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။

၂၀၂၅ ခုနှစ်နောက်ပိုင်းကိုလည်း သုတေသနပြုကာလအဖြစ်သာ ကနဦး သတ်မှတ်ထားသလို စီးပွားဖြစ် အသုံးပြုနိုင်ဖို့ကတော့ ၂၀၃၀ ဝန်းကျင်မှာမှ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

2 mins Ago
Up