close

AA

close

April 16, 2023

ရက္ခိုင့်တပ်တော်က ဦးစီးကျင်းပသည့် ဇီးချောင်းသင်္ကြန် (ဓာတ်ပုံ)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့  ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ရိုးရာသင်္ကြန်ပွဲတော်ကို အပြိုင်အဆိုင်ကျင်းပနေကြတာမှာ အေအေက ဦးစီးပြီးကျင်းပတဲ့ ဇီးချောင်းသင်္ကြန်ပွဲတော်မှာ ရခိုင်ပြည်သူ အများအပြားလာရောက် ရေကစားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးချောင်းသင်္ကြန်ကို  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စပြီး အေအေတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ ဦးစီးကျင်းပလာတာဖြစ်ပြီး ဒီနှစ်မှာလည်း ဇီးချောင်းသင်္ကြန်အပါအဝင် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတချို့မှာ သင်္ကြန်မဏ္ဍာန်တွေ စည်စည်ကားကားကျင်းပနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီကလည်း စစ်တွေမြို့အပါဝင် တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲခရိုင်မြို့တွေမှာ သင်္ကြန်မဏ္ဍာန်တွေ ဆောက်ပြီးကျင်းပနေပါတယ်။

ဓာတ်ပုံ-ခိုင်မင်းသျှင်

1 hour Ago

February 3, 2023

စစ်တွေ၌ လူသတ်မှုကျူးလွန်သူအား ULA/AA တရားရုံးက သေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းအမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ Luminous ဆိုင်မန်နေဂျာ မျိုးမြင့်ဇော်ကို ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“ဟုတ်ပါတယ်၊ စစ်တွေမြို့ Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမ ဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အမှုကို ဒီနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်တာ ဖြစ်တယ်။”

ကျူးလွန်သူ တရားခံ မျိုးမြင့်ဇော် အသက် ၃၄ နှစ် (ဘ) ဦးထွန်းကျော် အနေနဲ့ ဥပဒေနဲ့အညီ တရားရုံးချုပ်ကို အယူခံဆက်လက်တင်နိုင်ဖို့ အခွင့်အရေးပေးထားကြောင်း ခိုင်သုခက ဆိုပါတယ်။

“ဒါပေမဲ့ တရားခံကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေး ပေးထားပါတယ်။”

မနွယ်သန္တာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်က Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှာ တာဝန်ထမ်းဆောင်နေစဥ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး တရားခံ မျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

2 months Ago
Up